သူ့ရဲ့ရှိုးပွဲကို မိန်းကလေးပရိသတ်တွေ မလာစေချင်တဲ့ အကြောင်းအရင်းကို ပြောပြလာတဲ့ အဆိုတော်ရွှေထူး

သူ့ရဲ့ရှိုးပွဲကို မိန်းကလေးပရိသတ်တွေ မလာစေချင်တဲ့ အကြောင်းအရင်းကို ပြောပြလာတဲ့ အဆိုတော်ရွှေထူး

ပရိသတ်ကြီးတို့ရေ အဆိုတော် ရွှေထူးကတော့ လူငယ်တွေကြားထဲမှာ နာမည်ကြီးသူဖြစ်ပြီး သူ့ရဲ့သီချင်းလေးတွေဟာလည်း မကြိုက်တဲ့သူ မရှိလောက်အောင်ကို ကျော်ကြားတာပဲ ဖြစ်ပါတယ်။

ရွှေထူးဟာပြီးခဲ့တဲ့ တစ်နှစ်ကျော်အကြာမှာ ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ရှိုးပွဲတွေ အများကြီးမဆိုဖြစ်ခဲ့ပဲ လာမယ့် ဒီဇင်ဘာလ (၆)ရက်နေ့မှာတော့ Octoholic – ယစ်ထုပ်ဘဝဲ ဘားမှာသီချင်းဆိုဖို့ ရှိတယ်လို့ အသိပေးလာခဲ့ပါတယ်။

ရွှေထူးကတော့ တစ်နှစ်ကျော်အကြာမှ ပရိသတ်နဲ့ ပြန်ဆုံမယ့်ရှိုးပွဲမှာ ခေတ်ကာလ အခြေအနေအရ မိန်းကလေး ပရိသတ်တွေကို စိတ်ပူတဲ့အကြောင်းကို “ညထွက်ဖို့ အခက်အခဲရှိတဲ့ပရိသတ်တွေ ပြန်ရခက်မယ့်သူတွေ Car အခက်အခဲရှိမယ့်ပရိသတ်တွေတော့ မလာစေချင်ဘူးဗျာ.. အရိုးသားဆုံးစိတ်ပူခြင်းပါ အထူးသဖြင့် မိန်းကလေးတွေအတွက်ပါ” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေထူးကတော့ တစ်နှစ်ကျော်အကြာမှ ပရိသတ်နဲ့ ပြန်ဆုံမယ့်ရှိုးပွဲမှာ မိန်းကလေး ပရိသတ်တွေကို စိတ်ပူလို့ မလာစေချင်ဘူးဆိုပြီး ရိုးရိုးသားသား စိတ်ပူပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေထူးရဲ့ စိတ်ထားလေးကတော့ တကယ့်ကို ချစ်စရာကောင်းနေတာပါပဲနော်။

Be the first to comment

Leave a comment

Your email address will not be published.


*