တေးအမရာလှိုင်လေးရဲ့ (၄)လပြည့်မွေးနေ့အလှူအဖြစ် ဆွမ်းကပ်အလှူ ပြုလုပ်ခဲ့တဲ့ မေမေအိမ့်ချစ်

တေးအမရာလှိုင်လေးရဲ့ (၄)လပြည့်မွေးနေ့အလှူအဖြစ် ဆွမ်းကပ်အလှူ ပြုလုပ်ခဲ့တဲ့ မေမေအိမ့်ချစ်

ပရိသတ်ကြီးရေ ဒီနေ့ ဒီဇင်ဘာလ(၅)ရက်နေ့ကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ အဆိုတော်အိမ့်ချစ်ရဲ့ သမီးလေး တေးအမရာလှိုင်ရဲ့ (၄)လပြည့်မွေးနေ့ကျရောက်တဲ့ နေ့လေးပဲဖြစ်ပါတယ်။ အမရာလေးရဲ့ မွေးနေ့အတွက်ကိုတော့ မေမေအိမ့်ချစ်က ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့ပါတယ်။

အလှူလေးကတော့ နေ့ဆွမ်းကပ်လှူတဲ့အလှူလေးဖြစ်ပြီး အမရာလေးရဲ့ (၄)လပြည့်မွေးနေ့အလှူလေးကိုတော့ ဗောဓိဆာယာတောရ-ထေရီမတို့ရွာမှာ ဆရာလေးများနဲ့ယောဂီများကို နေ့ဆွမ်းကပ်လှူခဲ့တာပဲဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ သမီးလေးရဲ့ မွေးနေ့အတွက် အလှူလေးပြုလုပ်ခဲ့ကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အလှူမှတ်တမ်းပုံရိပ်လေးတွေမျှဝေဖော်ပြထားခဲ့ပါသေးတယ်။

ယခုအလှူနဲ့ပတ်သက်ပြီး အဆိုတော်အိမ့်ချစ်က”သမီးလေးAmara ရဲ့ ၄လပြည့်အလှူလေး ဗောဓိဆာယာတောရ-ထေရီမတို့ရွာမှာ ဆရာလေးများနဲ့ယောဂီများကို နေ့ဆွမ်းကပ်လှူခဲ့ပါတယ်ရှင့် ဆရာလေးကလဲ ‘Amara’အတွက် မွေးနေ့ကိတ်လေးစီစဉ်ပေးပါတယ်

ဤအလှူလေးကို ကုသိုလ်ထပ်တူရကြပါစေရှင့်🙏🏼🙏🏼🙏🏼” လို့ သူမရဲ့လူမှာကွန်ယက်စာမျက်နှာမှာ ရေးသားမျှဝေထားပါတယ်။အလှူလေးရဲ့ ကောင်းမှုအဖို့ဘာဂတွေကိုလည်း ပရိသတ်တွေထပ်တူရရှိစေဖို့ ရည်ရွယ်ပြီး ဝေငှထားခဲ့တာဖြစ်လို့ အမရာလေးရဲ့ မွေးနေ့အလှူပုံရိပ်လေးတွေကို မျှဝေဖော်ပြပေးလိုက်ရပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*