အိမ်ထောင်သက် (၁၀)နှစ်ကျော်ကြာမှသိရတဲ့ ပိုင်ဇေရဲထွန်းရဲ့အပြုအမူတချို့ကို ထုတ်ပြောလာတဲ့ ဇင်သဲနိုင်
ဇင်သဲနိုင်ဆိုတာနဲ့ ပရိသတ်တွေအားပေးချစ်ခင်ရတဲ့ သူတစ်ယောက်ပါ။သရုပ်ဆောင် ပိုင်ဇေရဲထွန်းနဲ့ ဇနီးဖြစ်သူ ဇင်သဲနိုင်တို့က ပျော်ရွှင်စရာ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတာပါ။သူတို့မိသားစုလေးဟာ အမြဲချစ်ချစ်ခင်ခင်နဲ့ ကြည့်မိသူတိုင်းကို စိတ်ချမ်းသာစေတာပါ။
သူတို့မိသားစုရဲ့ ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်မှာ မျှဝေပေးလေ့ရှိတာပါ။ ခင်ပွန်းဖြစ်သူပိုင်ဇေရဲထွန်းကလည်း ချစ်ဇနီးလေးကို ယနေ့ထိချစ်ပြီး ဂရုစိုက်နေတာပါ။
အမြဲလိုလို စပရိုက်လေးတွေလည်း တိုက်လေ့ရှိတာပါ။တစ်ယောက်နဲ့တစ်ယောက်လည်း စနောက်လေ့ရှိတာပါ။ အခုအခါမှာလည်း အရမ်းလှချင်နေတဲ့ ယောက်ျားဖြစ်သူကို စနောက်နေတာပါ။
“ညညဆို မျက်နှာကြီးထိုးပေးပြီး skincare တွေ လာလာလိမ်းခိုင်းတာ ဘာသဘောလဲဟင်…ရှင်းပြပေး Skin လည်း care တယ် ခေါင်းစည်းကြိုးတွေလည်း ယူစီးတယ်” ဆိုပြီးတော့ စနောက်လာခဲ့တာပါ။
Be the first to comment