တာချီလိတ်တွင် ကလေးငယ်များနှင့် လူကြီးများချောကလက်လုံးများစားပြီး မူးဝေအော့အန်၍ အရေးပေါ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရ

တာချီလိတ်တွင် ကလေးငယ်များနှင့် လူကြီးများချောကလက်လုံးများစားပြီး မူးဝေအော့အန်၍ အရေးပေါ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရ

ပရိသတ်ကြီးတို့ရေ ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် ဒီဇင်ဘာ(၇)ရက်နေ့ မွန်းတည့်ပိုင်းက ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် ကလေးငယ်များ ချောကလက်အလုံးများစားပြီးနောက် မူးဝေအော့အန်မှု ဖြစ်ပွားခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရပါတယ်။

ဒီကနေ့မွန်းတည့် (၁၂)နာရီကျော်က တာချီလိတ်မြို့၊ရန်အောင်မြေပါလျှံ (၁)ရပ်ကွက်၊အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းအနီးရှိ အိမ်ခန်းအဌားတစ်ခုတွင် ကလေးငယ်(၂)ဦးနှင့်လူကြီး(၃)ဦးတို့ဟာ ချောကလက်အလုံးများ စားခဲ့ကြတယ်လို့ ပြောပါတယ်။

ချောကလက်အလုံးများ စားပြီးနောက် အသက်(၂)နှစ်ကျော်၊အသက်(၁)နှစ်ကျော်ကလေး(၂)ဦးနှင့် အသက်(၂၉)နှစ်၊(၂၁)နှစ်နှင့် (၁၇)နှစ်အရွယ် လူကြီးများပါ မူးဝေအော့အန်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်းအရ ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်းမှ လူနာတင်ကားများဖြင့် တာချီလိတ်ခရိုင်၊ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*