အိပ်မက်တွေ ပြန်မက်ခွင့်ရှိဦးမှာလားလို့ မေးလာခဲ့တဲ့ သရုပ်ဆောင် အလင်းရောင်

အိပ်မက်တွေ ပြန်မက်ခွင့်ရှိဦးမှာလားလို့ မေးလာခဲ့တဲ့ သရုပ်ဆောင် အလင်းရောင်

ပရိသတ်ကြီးတို့ရေ အလင်းရောင်ကတော့ ကျော်ကြားတဲ့ မော်ဒယ် မင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူက အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့ပြီးနောက် ရုပ်ရှင်ဇာတ်လမ်းများစွာမှာ ပါဝင်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့ ရုံတင်ဇာတ်ကားများမှာ ခေါင်းဆောင်မင်းသားဖြစ်လာခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိပ်ိုင်ဆိုင်နိုင်ခဲ့ပါတယ်။

အာဏာသိမ်းယူခဲ့တဲ့အချိန်ကစပြီး လက်ရှိကာလအထိ ပြည်သူဘက်တော်သားဖြစ်တဲ့ အလင်းရောင်က အလုပ်အားလုံးကို ရပ်နားထားတာလည်း ဖြစ်ပါတယ်နော်။ အလင်းရောင်ကတော့ အလုပ်တွေပြန်လုပ်နေကြတဲ့ မိတ်ဆွေတွေကိုမြင်ရင် အရင်ကဘဝကို ပြန်လွမ်းမိပါတယ်ဆိုတဲ့အကြောင်းကို အခုလိုပဲ​ မျှဝေထားတာပါ။

“လွမ်းတယ်…မနက်မိုးလင်းတာနဲ့ အိပ်ချင်မူးတူးနဲ့ ရှုတင်ထသွားရတာ လွမ်းတယ်။5 4 3 2 1 အက်ရှင်ဆိုတဲ့ အသံကို လွမ်းတယ်။မျက်စိစူးမတတ် မီးရောင်တွေကို လွမ်းတယ်။ကင်မရာ shutter ပိတ်သံ တချပ်ချပ်ကို လွမ်းတယ်။မော်နီတာကနေ မျက်မှောင်ကြုံ့ကြည့်တဲ့ ဒါရိုက်တာကိုလဲ လွမ်းတယ်။ကိုယ်မရိုက်ရသေးခင် ခိုးအိပ်ရတာကို လွမ်းတယ်။ရှုတင်ထသွားရတာ လွမ်းတယ်။

မင်းသား ဘာစားချင်လဲဆိုတဲ့ ရှုတင်မန်နေဂျာကြီးအသံကို လွမ်းတယ်။အမြဲတမ်း မိသားစုလို ဖော်ဖော်ရွေရွေ ဆက်ဆံပေးကြတဲ့ စက်အဖွဲ့သားတွေအားလုံးကိုလဲ လွမ်းတယ်။ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေအကုန် အလုပ်ပြန်လည်ပတ်နေကြတာမြင်တော့ ဆယ်စုနှစ်တစ်ခုစာ အသားကျခဲ့တဲ့ ကျနော့်ဘဝကို လွမ်းတယ်။

ဒီအိပ်မက်တွေ ပြန်မက်ခွင့်ရှိဦးမှာလား?သမားရိုးကျ လောကကြီးကနေ ပျောက်ကွယ်နေရတဲ့ ကျနော့်ကို မေ့လျော့သွားကြပြီလား?ကျနော်ကတော့သိပ်သတိရတယ်။အတိတ်ကနေ့ရက်တွေဆီ အခွင့်ရှိခဲ့သေးလျှင်”လို့ ရေးသားထားတာကို တွေ့ရပါတယ်။ပရိသတ်ကြီးတို့ရေ အလင်းရောင်ကတော့ ချစ်တဲ့အနုပညာနဲ့ ပရိသတ်တွေကို လွမ်းနေပါတယ်တဲ့နော်။

Be the first to comment

Leave a comment

Your email address will not be published.


*