ရေမြေခြားမှာ ကျောင်းသွားတက်နေရပေမယ့်လည်း ရသမျှမုန့်ဖိုးလေးတွေနဲ့ ကုသိုလ်တွေပြုတတ်တဲ့ ဂင်္ဂါမေ
မင်းသမီးချော မေကဗျာကတော့ ကလေးမေမေ အသက် (၃၉)နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဆိုပေမယ့် ငယ်ရွယ်နုပျိုသူတွေလိုက်လို့မမှီတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။မေကဗျာကတော့ အခုဆိုရင် ဇာတ်ကားတွေမရိုက်ဖြစ်တော့ပဲ စီးပွားရေးအလုပ်တွေနဲ့ မိသားစုအရေးကိစ္စတွေကိုသာ ဦးစားပေးလုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။
ဒါအပြင် မေကဗျာက သူမရဲ့တစ်ဦးတည်းရှိတဲ့ သမီးလေး ဂင်္ဂါမေအတွက် လိုလေသေးမရှိ ဖြည့်ဆည်းပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ပါပဲ။ဂင်္ဂါမေက အခုဆိုရင် နိုင်ငံခြားမှာ ကျောင်းသွားတက်နေတာဖြစ်ပြီး ဘဝကိုတစ်ယောက်တည်း ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ဒီကနေ့မှာတော့ မေကဗျာက တိုင်းတစ်ပါးရောက်သွားပေမယ့်လည်း လှူချင်တန်းချင်စိတ်အမြဲရှိတဲ့ သမီးလေးအကြောင်းကို အခုလိုပဲပြောပြလာခဲ့ပါတယ်။
“အဝေးကနေ သူ့မုန့်ဖိုးလေးကို လှမ်းလှူတဲ့သမီးလေး လှူချင်စိတ်ရှိတာလေးကိုပဲ ကျေနပ်ပီတီဖြစ် မိသားစု အလှူလေးမို့ သူလေးလည်း အဝေးပါချင်တာပေါ့ ကျေးဇူးပါ သဲလေး❤️” ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြောပြလာခဲ့ပါတယ်။
မေကဗျာကတော့ ပညာရေးမှာရော အကျင့်သိက္ခာပိုင်းမှာပါ အပြစ်ပြောဖွယ်ရာမရှိတဲ့ သမီးအလိမ္မာလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ မေကဗျာရဲ့ သမီးလေး ဂင်္ဂါမေကတော့ တကယ့်ကို အဖိုးတန်သမီးလေးပါပဲနော်။
Be the first to comment