အသက်(၇၇)နှစ်ပြည့်မြောက်သွားခဲ့တဲ့ ဂန္တဝင်မင်းသမီးကြီး ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု

အသက်(၇၇)နှစ်ပြည့်မြောက်သွားခဲ့တဲ့ ဂန္တဝင်မင်းသမီးကြီး ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု

ပရိသတ်ကြီးတို့ရေ ဒေါ်ခင်သန်းနုကတော့ တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးကြီးတစ်လက်ပဲဖြစ်ပါတယ်။

မင်းသမီးကြိီး ခင်သန်းနုက ရာစုတစ်ခုအတွင်းမှာ ပေါ်ထွက်လာတဲ့ ထူးခြားတဲ့ ရုပ်ရည်သွင်ပြင် လှပတဲ့ကိုယ်ခန္ဓာကြောင့် နာမည်ကြီးခဲ့တဲ့ အလှဘုရင်မ၊နှစ်တွေပြောင်း ခေတ်တွေပြောင်းသော်လည်း ယနေ့ထိတိုင် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို ရရှိပိုင်ဆိုင်ထားသူ၊၁၆/၁၇အရွယ်ကထည်းက အလှမယ်ဘွဲ့တွေရရှိခဲ့ပြီး ရုပ်ရှင်နယ်ပယ်ကနေ ကမ်းလှမ်းခြင်းခံခဲ့ရသူပါ။

သူမက “တင့်လှပေဟန်” ဇာတ်ကားကြီးမှာ မင်းသားကြီး မောင်သင်နဲ့ စတင်ရိုက်ကူးခဲ့သလို ပရိတ်သတ်ရှေ့ စတင်ရောက်လာခဲ့တဲ့ “ချစ်သောသူတစ်ယောက်”ဇာတ်ကားနဲ့ ပရိတ်သတ်များရဲ့ အားပေးခြင်းကို စတင်ရရှိခဲ့သူပါ။

မှတ်တမ်းဝင် ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို အနုပညာနဲ့ပတ်သတ်ပြီး ကိုယ်တိုင်ဒါရိုက်တာလုပ်ကာ ရိုက်ကူးခဲ့တဲ့ဇာတ်ကားတွေနဲ့ တေးသီချင်းသီဆိုမှု မှတ်တမ်းများလဲ စိုက်ထူနိုင်ခဲ့သလို အနုပညာစွမ်းရည် ထူးချွန်မှု့တို့ကြောင့် မြန်မာ့ရုပ်ရှင်လောကမှာ ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့သူ ထူးချွန်ဆု(၃)ဆုပိုင်ရှင် အကယ်ဒမီများရှင် ဂန္ဓဝင် မင်းသမီးကြီးဆိုရင်လည်း မမှားပါဘူးနော်။

အန်တိီခင်သန်းနုက လက်ရှိအချိန်မှာတော့ အနုပညာအလုပ်တွေကို မလုပ်တော့ဘဲ အေးအေးချမ်းချမ်းနဲ့ ဘဝကိုဖြတ်သန်းနေပါတယ်။မနေ့ကဒီဇင်ဘာလ (၇)ရက်နေ့ကတော့ မင်းသမီးကြီး ခင်သန်းနုရဲ့ အသက်(၇၇)နှစ်ပြည့်မြောက်တဲ့မွေးနေ့ နေ့ရက်လေးပဲဖြစ်ပါတယ်။

အန်တိီခင်သန်းနုရဲ့မွေးနေ့အတွက် ဒီဇိုင်နာမျိုးမင်းစိုးက “Happy Birthday ပါအန်တီနု(အကယ်ဒမီခင်သန်းနု) ယနေ့ကျရောက်တဲ့ (၇၇)နှစ်မြောက်မွေးနေ့မှစလို့ သက်ကျော်ရာကျော်ရှည်ပြီး အနာမျိုးကင်းဝေးပါစေ….

ချစ်ခင်ရတဲ့မိသားစုနဲ့အတူ ထာဝရလှပစွာ ပျော်ရွှင်ချမ်းမြေ့ပါစေ…..ဂန္တဝင်မင်းသမီးကြီး ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု သက်ကျော်ရာကျော်ရှည်ပါစေ” ဆိုပြီးတော့ မွေးနေ့ဆုတောင်းပေးထားခဲ့ပါတယ်။

ဂန္ဓဝင် အကယ်ဒမီများရှင် ရုပ်ရှင်မင်းသမီးကြီး ခင်သန်းနုကို လွမ်းနေကြသူများအတွက် အလွမ်းပြေတင်ဆက်ပေးလိုက်ရပါတယ်။ပရိသတ်ကြီးတို့လည်း အန်တီခင်သန်းနုအတွက် မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးခဲ့ပါဦးနော်။

Be the first to comment

Leave a comment

Your email address will not be published.


*