ဝဋ်ကြွေးဟာ ကြောက်စရာကောင်းကြောင်း ရိုက်ပြပြီးရင် အနုပညာလောကနေ အနားယူတော့မယ့် ထူးခန့်ကျော်

ကြောက်စရာကောင်းတဲ့ ဝဋ်ကြွေးအကြောင်း ရိုက်ပြပြီးရင် အနုပညာလောကမှ အနားယူတော့မယ့် ထူးခန့်ကျော်

မြန်မာရုပ်ရှင်လောကမှာ အောက်ခြေသိမ်းကစ မှန်ထိုးမီးထိုးဘဝ ကနေ မင်းသားတစ်ယောက်ဖြစ်အောင်အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ရုန်းကန်လာခဲ့ရတဲ့ သရုပ်ဆောင်တွေထဲမှာ သဘာဝကျကျ သရုပ်ဆောင်ကောင်းတဲ့ သဘာဝမင်းသားကြီး ထူးခန့်ကျော်လည်းပါဝင်ပါတယ်။

ပရိသတ်တွေ ရင်နင့်အောင်ခံစားခဲ့ရတဲ့ ကန္နာစီး မပြုံးဇာတ်ကားအပါဝင် နယ်ကြိုက် အချစ်အက်ရှင်ဒရာမာ နဲ့ မိသားစုမေတ္တာဖွဲ့ ဒရာမာ ဇာတ်ကားများနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုများစွာရရှိခဲ့တဲ့ သရုပ်ဆောင်ထူးခန့်ကျော်ဟာ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေမှာ ပိုမိုအောင်မြင်မှု ရရှိနေပေမယ့်လည်း

သရုပ်ဆောင် အနုပညာအလုပ်ထက် လက်ရှိ တိုင်းရင်ဆေးဆရာ အလုပ်ကိုပဲ ဒီထက်ပိုမိုလေ့လာ လုပ်ကိုင်သွားဖို့ရှိနေပြီး ရောဂါဝေဒနာခံစားနေရတဲ့ ပရိသတ်တွေကို တက်ကျွမ်းတဲ့ ဆေးပညာနဲ့ဆေးကုပေးနေရတာကို ဝါသနာအခြေခံ အနုပညာအလုပ်ထက် ပိုမိုပျော်ရွှင်နေပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့ကြောင့် လက်ရှိရိုက်ကူးဖို့ စီစဉ်လက်ခံထားတဲ့နောက်ထပ်ဇာတ်ကားတစ်ကား နှစ်ကားလောက် ရိုက်ကူးပြီးတာနဲ့ အနုပညာအလုပ်ကနေ အနားယူပြီးတိုင်းရင်ဆေးပညာဘက်ကို ပိုမိုလိုက်စား ကုသပေးရင် သာသနာ့အကျိုးပြုလုပ်ငန်းများကို ပိုမိုလုပ်ကိုင်သွားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

ရုပ်ရှင်ရိုက်ကူးခြင်း အနုပညာအလုပ်မှ အနားမယူခင်ပညာပေးဇာတ်ကားအနေနဲ့ ဝဋ်ကြွေးနဲ့ပတ်သက်ပြီးဘယ်လောက် ကြောက်စရာကောင်းတဲ့အကြောင်းကိုဇာတ်အိမ်ဖွဲ့ ရိုက်ကူးသွားနိုင်ဖို့ စီစဉ်နေပြီး ကန္နာစီး မပြုံး ကာရိုက်တာလို မိန်းမလျာဇာတ်ရုပ်နဲ့ ဖြစ်တယ်လို့လည်း ဇာတ်ကောင် ကာရိုက်တာနဲ့ ပတ်သက်ပြီး အနည်းငယ်ပြောပြထားပါတယ်။

ဝဋ်ကြွေးနဲ့ပတ်သက်ပြီး သူတစ်ပါးအပေါ် ယုတ်မာရိုင်းစိုင်းခဲ့သလောက် ပြန်ခံစားရတဲ့ ဝဋ်ကြွေး အကြောင်းကို ဒဲ့ရိုက်ပြပြီး မေတ္တာတရားကို ပုံဖော်တဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး ဒီဇာတ်ကားရိုက်ကူးပြီးရင်တော့ ရုပ်ရှင်လောကမှအနားယူသွားဖို့စီစဉ်ထားတယ်လို့လည်း သရုပ်ဆောင် ထူးခန့်ကျော်က သတင်းမီဒီယာတွေကို ပြောပါတယ်။

လက်ရှိ ရိုက်ကူးထုတ်လွှင့်ပြသခဲ့တဲ့ မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲနဲ့ ဝိပါက ဇာတ်လမ်းတွဲတွေမှာ သဘာဝကျကျ သရုပ်ဆောင်ကောင်းခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုများနဲ့ အောင်မြင်မှု ပိုမိုရရှိခဲ့သလိုအနုပညာရှင် ဆေးဆရာတစ်ယောက်အဖြစ်လည်းပရိသတ်တွေက ချစ်ခင်လေးစားအားပေးနေကြပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*