အမြဲနှိမ့်ချပြီး နေတတ်တာကိုကြည့်ပြီး အထင်မသေးစေလိုကြောင်းပြောလာခဲ့တဲ့ အေသင်ချိုဆွေ
သရုပ်ဆောင် အဆိုတော် အေသင်ချိုဆွေကတော့ သူမရဲ့အောင်မြင်နေတဲ့အချိန်မှာပဲ ကလေးမွေးပြီး SingleMother ဘဝကိုခံယူခဲ့ကာ သမီးလေးတစ်ယောက်နဲ့အတူတူ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း ရှေ့ဆက်နေတာပဲ ဖြစ်ပါတယ်။
အေသင်ချိုဆွေဟာ လက်ရှိမှာတော့ သူမရဲ့ သမီးလေးနဲ့အတူတူ ဩစတေးလျနိုင်ငံမှာ နေထိုင်နေလျက်ရှိပြီး ဩစတေးလျမှာပဲ ဂီတဖျော်ဖြေပွဲတစ်ခုလုပ်ဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ အေသင်ချိုဆွေက သူမရဲ့သီချင်း၊ သူမရဲ့ စိတ်ခံစားချက်နဲ့ပတ်သက်ပြီး “ကိုယ့်သီချင်းတွေ ကိုယ် ပြန်နားထောင်ပြီး အားပြန်ရနေတဲ့ အခိုက်အတန့် …..ငါအကောင်းဆုံးတွေ လုပ်ခဲ့တာပဲ ဆိုပြီး နည်းနည်းတောင် စိတ်ကြီးဝင်မိတယ်။သေချာတာ တခုက ကျွန်မ က အပေါစားမဟုတ်ဘူး။
အခုနောက်ပိုင်း ကိုယ့်ကိုကိုယ် အမြဲနိမ့်ချပြီး နေတတ်တယ် ဒါကိုကြည့်ပြီးလည်း အထင်မသေးစေချင်။လူတွေ အထင်သေးလည်း ကိစ္စမရှိပါဘူး။ဘုရားသခင်က မိမိကိုယ်မိမိ နိမ့်ချရမယ်လို့ မှာကြားထားတယ်”ဆိုပြီးတော့ ပြောပြလာခဲ့တာပါ။အေသင်ကတော့ ကိုယ့်ကိုကိုယ် နှိမ့်ချပြီးနေတတ်ပေမယ့်လည်း ဂီတနဲ့ပတ်သက်လာရင် သူမရဲ့ဖန်တီးမှုတွေဟာ အထင်ကြီးလောက်စရာလို့ ကိုယ့်ဟာကိုယ် ခံယူထားတယ်လို့ ပြတ်ပြတ်သားသားပြောလာခဲ့တာပဲ ဖြစ်ပါတယ်။
Be the first to comment