သျှန်ထွဏ်း(မြန်မာစာ) အိမ်ပြန်ရောက်ပြီဟုသိရ
ပရိသတ်ကြီးတို့ရေ ပုဂံဘက်ကို ပွဲကဖို့သွားရင်း လမ်းမှာ သျှန်ထွဏ်း(မြန်မာစာ)ကို ကားပေါ်ကနေ ဆင်းခိုင်းပြီး ထိန်းသိမ်းခံရသည့် သတင်းများသည် ဒီဇင်ဘာလ (၄)ရက်နေ့ ညနေပိုင်းမှစတင်၍ ထွက်ပေါ်လာခြင်းဖြစ်ပြီး ညပိုင်းတွင် အတည်ပြုနိုင်ခဲ့တာပဲဖြစ်ပါတယ်။
ယခုအခါ ဒီဇင်ဘာလ (၁၁)ရက်နေ့ မနက်မှာတော့ သျှန်ထွဏ်း(မြန်မာစာ)ဟာ အိမ်ပြန်ရောက်ပြီဖြစ်ကြောင်း တပည့်ဖြစ်သူ မိုးထက်မြင့်က အခုလိုမျိုး ပရိသတ်ကြီးကို အသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။
“ဆရာသျှန် အိမ်ပြန်ရောက်ပါပြီ ချစ်ခင်မေတ္တာပို့ ဆုတောင်းပေးကြသူများ ဝမ်းသာပီတိ ဖြစ်မိပါတယ် အားလုံးကျေးဇူးပါ”လို့သူ့ရဲ့ လူမူကွန်ယက် စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ် ။
Be the first to comment