သားပေါင်ပေါင်လေးက လေးလအတွင်း (၆)ပေါင်အထိ ကိုယ်အလေးချိန်တက်လာလို့ ပီတိဖြစ်နေတဲ့ မေမေခိုင်နှင်းဝေ

ပေါင်ပေါင်လေးက လေးလအတွင်း (၆)ပေါင်အထိ ကိုယ်အလေးချိန်တက်လာလို့ ပီတိဖြစ်နေတဲ့ မေမေခိုင်

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးကြီး ခိုင်နှင်းဝေကတော့ ရင်သွေးလေးများဂေဟာနဲ့ မသန်စွမ်းပြည်သူများကို ခြေတုတပ်ဆင်ပေးခြင်းတွေ အမြဲပြုလုပ်ပေးနေတဲ့သူ တစ်ဦးဖြစ်ပါတယ်။

သူမရဲ့ သားနဲ့ သမီးလေးတွေကိုလည်း အလုပ်တွေ မအားလပ်တဲ့ ကြားကနေမှ အချိန်ပေးကာ မိခင်ရင်းသဖွယ် အကြင်နာမေတ္တာတွေနဲ့ စောင့်ရှောက်မှုတွေကို လုပ်ပေးတတ်ပါသေးတယ်။

ကလေးတွေကို အတတ်နိုင်ဆုံး အချိန်ပေးကာ တူတူဆော့ကစားပေးတာတွေ ထမင်းခွံကျွေးတာတွေကိုလည်း ကြင်ကြင်နာနာနဲ့ ပြုစုပေးလို့ မိခင်မေတ္တာငတ်နေတဲ့ ကလေးငယ်လေးတွေအဖို့တော့ ခိုင်နှင်းဝေရဲ့ ဂေဟာလေးက နွေးထွေးလုံခြုံနေခဲ့ပါတယ်။

မေမေခိုင်က သူမကလေးတွေရဲ့ ချစ်စရာ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိတာကို တွေ့ရပါတယ်။

အခုအခါမှာလည်း ပေါင်ပေါင်လေးဟာ လေးလအတွင်း ကိုယ်အလေးချိန် (၆)ပေါင်အထိ တက်လာခဲ့တာကြောင့် ပီတိဖြစ်နေမိကြောင်းကို ပုံလေးတွေနဲ့တကွ ” ကို (၃) ပေါင် လေး (၄)လပြည့်ပြီး (၆) ပေါင်ထိ တက်လာခြင်း အမှတ်တရ..❤️..”ဆိုပြီးခုလိုဖော်ပြထားရာ ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*