တောထဲရောက်နေပေမဲ့လည်း ချစ်တဲ့သူနဲ့ ရွှေလက်တွဲသွားပြီဆိုပြီး အသိပေးလာတဲ့ ပြည်သူ့အချစ်တော် လူရွှင်တော် တိုင်းကျော်

တောထဲရောက်နေပေမဲ့လည်း ချစ်တဲ့သူနဲ့ ရွှေလက်တွဲသွားပြီဆိုပြီး အသိပေးလာတဲ့ ပြည်သူ့အချစ်တော် လူရွှင်တော် တိုင်းကျော်

ပရိသတ်တွေကို ရယ်မောပျော်ရွင်အောင် ပြက်လုံးတွေနဲ့ တင်ဆက်ပေးနေကျဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ ဟာဆိုရင် ပရိသတ်အချစ်တော် အငြိမ့်အဖွဲ့ပဲဖြစ်ပါတယ်။ပြက်လုံးတွေကိုဖန်တီးသရုပ်ဖော်တာ တော်ရုံမက ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဟာသသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။

ရင်ဘတ်ချင်းတူ ညီအစ်ကိုငါးယောက်နဲ့ ဖွဲ့စည်းထားတဲ့ သူတို့အဖွဲ့ဟာဆိုရင် အမှန်တရားအတွက် လွတ်‌မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ဟားငါးကောင် လူရွှင်တော် တစ်ဦးဖြစ်တဲ့ တိုင်းကျော် ကတော့ တော်လှန်ရေးတာဝန်တွေကို အဖွဲ့ဝင်တွေနဲ့အတူ ထမ်းဆောင်နေတာပါ။တိုင်းကျော် ဟာ လူပျိုကြီးဘဝအနေနဲ့ နေထိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ချစ်ရတဲ့ချစ်သူနဲ့ လွတ်မြောက်နယ်မြေမှာ လက်တွဲသွားခဲ့ပါပြီ။

ဒီအကြောင်းကို ” တော်လှန်ရေးနယ်မြေမှာသူမကိုကျနော် တစ်ဘဝလုံးပေးအပ်လိုက်ပြီ”လို့ ချစ်ခင်အားပေးတဲ့ ချစ်ပရိသတ်တွေကို လူမှု့ကွန်ယက်ပေါ်ကနေ အသိပေးထားပါတယ်။တိုင်းကျော် တို့ ဇနီးမောင်နှံအတွက် အနုပညာရှင်တွေနဲ့ ချစ်တဲ့ပြည်သူတွေက ပျော်ရွှင်နေကြပြီး ဆုတောင်းစကားလေးတွေ ပြောထားကြတာကို တွေ့ရပါတယ်။

” တိုင်း​ကျော်+သဲသုတတို့နှစ်ဦး အတွက် KNU ​​ကော်သူး​လေ နယ်​​မြေမှာ လက်ထပ်ပွဲ​လေးအကျဥ်းရုံးစီစဥ်ကျင်းပ​ပေးခဲ့ရလို့ယ​နေ့ ကြည်နူးမိပါတယ်….သက်ဆုံးတိုင်​ပျော်ရွှင်စွာပေါင်းဖက်နိုင်ကြပါ​စေ….”လို့ မင်္ဂလာပွဲအကြီးအကဲအနေနဲ့ တာဝန်ယူပေးခဲ့တဲ့ ကိုရဲမင်း AAC က ရေးသားထားပြီး ဇနီးမောင်နှံနှစ်ဦးအတွက်လဲ ဆုတောင်းစကားလေးတွေ ပြောပေးထားပါသေးတယ်။

လူပျိုကြီးဘဝကကျွတ်သွားပြီဖြစ်တဲ့ ဟားငါးကောင် လူရွှင်တော် တိုင်းကျော် အတွက် မင်္ဂလာဆုတောင်းစကားလေးတွေကို ကောမန့်မှတစ်ဆင့်ရေးသားသွားပေးခဲ့အုန်းနော်။

Be the first to comment

Leave a comment

Your email address will not be published.


*