တစ်မူထူးတဲ့ ဆံပင်စတိုင်အသစ်လေးနဲ့ဂေါ်နေတဲ့ အဆိုတော် နီနီခင်ဇော်
လူငယ်ပရိသတ်ကောင်မလေးတွေရဲ့ အသည်းစွဲအားပေးကြတဲ့ အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို ဟန်ပါပါသီဆိုနိုင်တဲ့ အဆိုတော် နီနီခင်ဇော်ကိုတော့ အားလုံးပဲရင်းနှီးပြီးသားဖြစ်မှာပါ။
နီနီကတော့ သီချင်းကောင်းများစွာကို သီဆိုထားပြီး ထွက်ရှိသမျှသီချင်းတိုင်းဟာလဲ ပရိသတ်ရင်ထဲကို ရောက်ရှိခဲ့ပါတယ်။သူမရဲ့ ထွက်ရှိသမျှသီချင်းတိုင်းဟာ ကောင်းမွန်လွန်းတာကြောင့် ပရိသတ်ပေါင်းများစွာရဲ့အားပေးမှု့ကိုရရှိထားပါတယ်။
ပြုံးချိုတဲ့မျက်နှာထားပိုင်ရှင် နီနီခင်ဇော်ကတော့ သူမကို နီနီလို့ချစ်စနိုးခေါ်တာကို ကြိုက်နှစ်သက်သူပါ။ဒါအပြင် သူမဟာ အနီရောင်ကို အကြိုက်ဆုံးဖြစ်တာကြောင့် အဝတ်အစားဝတ်ဆင်လျှင် အနီရောင်ကိုသာ ရွေးချယ်ဝတ်ဆင်လေ့ရှိတယ်။
အဆိုတော် နီနီခင်ဇော် ဟာ တခေတ်တခါကအောင်မြင်ခဲ့တဲ့ နာမည်ကြီးတေးသီချင်းတွေကို Cover အနေနဲ့ ပြန်လည်သီဆိုပြီး အောင်မြင်မှု့တွေရရှိခဲ့ပါသေးတယ်။
ဒီကနေ့မှာတော့ သူမက ဆံပင်စတိုင်လ်အသစ်လေးနဲ့ မိမိုက်နေတဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေအတွက် အခုလိုပဲဝေမျှလာခဲ့ပါတယ်။
ပရိသတ်ကြီးတို့ရေ တစ်မူထူးခြားတဲ့ ဆံပင်စတိုင်အသစ်လေးနဲ့ မိမိုက်နေတဲ့ အဆိုတော် နီနီခင်ဇော်ရဲ့ဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Be the first to comment