ချစ်စရာသားသားလေးရဲ့ ဓာတ်ပုံသစ်လေးတွေကို ဝေမျှလာခဲ့တဲ့ ဖေဖေနေတိုး
ပရိတ်သတ်ကြီးတို့ရေ အကယ်ဒမီ သရုပ်ဆောင် နေတိုးကတော့ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာ ရရှိထားတာပဲဖြစ်ပါတယ်။
သူကတော့ ယခုလက်ရှိ အချိန်ကာလမှာဆိုရင် အနုပညာအလုပ်များကို ရပ်နားထားပြီး သာယာတဲ့ မိသားစုလေးဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေထိုင်နေတာပဲဖြစ်ပါတယ်။
သရုပ်ဆောင် နေတိုးနဲ့ ဇနီးဖြစ်သူ သဲစုမြတ်ရွှေတို့က သူတို့ရဲ့သားဦးရတနာလေးကို ပြီးခဲ့တဲဘ ဒီဇင်ဘာလ (၅)ရက်နေ့က အောင်မြင်စွာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။
ယနေ့အခါမှာတော့ အကယ်ဒမီ မင်းသားကြီး ဖေဖေနေတိုးက သားသားလေးရဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ ဓာတ်ပုံလေးတွေကို ဝေမျှပေးလာခဲ့တာပဲဖြစ်ပါတယ်နော်။နေတိုးရဲ့ သားသားလေးက ချစ်ဖို့ကောင်းတယ် မဟုတ်လား ပရိတ်သတ်ကြီးတို့ရေ။
Be the first to comment