အဆိုတော်မိုးထက်ရဲ့Surpriseကြောင့် အရမ်းကိုအံ့သြဝမ်းသာနေတဲ့ လူကြမ်းသရုပ်ဆောင် ကုလားကြီးနဲ့ဖြူဖွေးစိန်…
ပရိသတ်ကြီးတို့ရေ အဆိုတော် မိုးထက်က လူကြမ်း သရုပ်ဆောင် ကုလားကြီးနဲ့ ဖြူဖွေးစိန်တို့ TikTok ရိုက်ဖို့အတွက် (၅)သိန်းကျော်တန်ဖိုးရှိ ဖုန်းတစ်လုံးနှင့် ငွေသား (၁)သိန်းကျပ်ကို Surprise လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်နော်။
“အရမ်းလူကြည့်များသွားတဲ့ Tit Tok လေးဆိုပေမဲ့ ဖုန်းတောင်မရှိလို့ သူများဖုန်းနဲ့ရိုက်ခဲ့ရတာပါ” ဆိုတဲ့ စကားလေးကြောင့် အခုလို လုပ်ပေးဖြစ်ခဲ့တယ်၊ အရမ်းလည်း အတန်းရှင်းယူသလိုမျိုး မလိုချင်ဘူး၊ ဒါပေမဲ့ အံ့သြသွားအောင် ဒီလိုလုပ်ပေးဖြစ်ခဲ့တယ်။ကျွန်တော် ကျိန်ပြောပါတယ်…
ဒီအစ်ကိုနှစ်ယောက်ကြောင့် ဘာမှကို ပြန်လည်ရယူလိုခြင်းမရှိပါဘူး…လူကြမ်းသရုပ်ဆောင်တွေကို ကျွန်တော် သိပ်မသိပါဘူး ဖုန်းလေးရှိရင် အလုပ်အဆက်အသွယ် အဆင်ပြေအောင် ကျွန်တော့်ချွေးနည်းစာနဲ့ လက်ဆောင်ပေးတာပါ…”ဆိုပြီးတော့ အဆိုတော် မိုးထက်ကပြောကြားခဲ့တာပါ။
“Tik Tok ဆော့ဖို့ ကျွန်တော်တို့မှာ သူများဖုန်းကိုငှားပြီး ရိုက်ခဲ့ရတာပါ Tik Tok ပေါက်နေတာတောင် မသိပါဘူး မထင်မှတ်ဘဲ ဖုန်းလက်ဆောင်ရတော့ အရမ်းပျော်ပါတယ် ဘဝမှာအပျော်ဆုံးတွေထဲက တစ်ရက်ပါ…
ဘဝရဲ့အပျော်ဆုံးနေ့ကို ပြောပါဆိုရင် ဒီနေ့ပါပဲ သေမယ်ဆိုရင် သေပျော်ပါပြီ”ဆိုပြီးတော့ လူကြမ်းသရုပ်ဆောင် ဖြူဖွေးစိန်နဲ့ ကုလားကြီးတို့က ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်နော်။ပရိသတ်ကြီးတို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်နော်။
Be the first to comment