မိန်းမကိုနမ်းတာ….ဟိုသုံးကောင်က ဘာဖြစ်တာလဲဆိုပြီး အရွှန်းဖောက်လာခဲ့တဲ့ ပိုင်ဇေရဲထွန်

မိန်းမကိုနမ်းတာ….ဟိုသုံးကောင်က ဘာဖြစ်တာလဲဆိုပြီး အရွှန်းဖောက်လာခဲ့တဲ့ ပိုင်ဇေရဲထွန်း

တချိန်က ပရိသတ်တွေအသည်းစွဲမင်းသားချောတစ်လက်ဖြစ်ခဲ့တဲ့ ပိုင်ဇေရဲထွန်းကတော့ ဒီနေ့ဒီအချိန်ထိနာမည်ရနေဆဲမင်းသားတစ်ယောက်ပါပဲ။ပိုင်ဇေရဲထွန်းဟာ အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ အနုပညာအလုပ်တွေကိုလျှော့ချပြီး မိသားစုကို ပိုမိုအချိန်ပေးဖြစ်နေတာပဲဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ချစ်စရာကောင်းပြီး နွေးထွေးမှုအပြည့်ရှိတဲ့ ပိုင်ဇေရဲထွန်းတို့မိသားစုလေးကို ချစ်ခင်စွာနဲ့ အားပေးနေကြဆဲဖြစ်ပါတယ်။သားသမီးတွေနဲ့ သူငယ်ချင်းလို ရင်းရင်းနှီးနှီး ဆက်ဆံရေးရှိတဲ့ ပိုင်ဇေရဲထွန်းက ဒီကနေ့မှာတော့ သူတို့မိသားစုလေးရဲ့ ပျော်စရာကောင်းတဲ့ အမှတ်တရတစ်ခုကို ပြောပြလာခဲ့ပါတယ်။

ပိုင်ဇေရဲထွန်းက သူ့ဇနီးကို အနမ်းလေးပေးတာကို မျက်နှာရှုံ့ကြတဲ့ သားသမီးတွေကို “ငါ့မိန်းမငါနမ်းတာ….ဟိုသုံးကောင်ကဘာဖြစ်တာလဲ…..” ဆိုပြီး အရွှန်းဖောက်လာခဲ့ပါတယ်။

ပိုင်ဇေရဲထွန်းကတော့ ပရိသတ်တွေအားကျချင်စရာ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်ဇေရဲထွန်းတို့ မိသားစုပုံရိပ်လေးကိုကြည့်ပြီး ကြည်နူးသဘောကျမိကြမယ် ထင်ပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*