မောင်လေးတွေကျွေးပြီး ကိုကြီးတွေမကျွေးဘူးလားလို့ လာလာမေးကြတယ်ဆိုတဲ့ “မောင်လေး စား”အဆိုတော် လှယမင်းအိမ်
ပရိသတ်ကြီးတို့ရေ အဆိုတော် လှယမင်းအိမ်ကတော့ မြူးမြူးကြွကြွ သီချင်းလေးတွေနဲ့ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတာလည်းဖြစ်ပါတယ်။အဆိုတော် လှယမင်းအိမ်ကတော့ မကြာသေးမီက ထွက်ရှိထားတဲ့ “မောင်လေးစား” သီချင်းလေးနဲ့ tiktok ပေါ် နဲ့ လူမှုကွန်ရက်ပေါ်တွေမှာ အရမ်းပေါက်သွားပြီး အောင်မြင်နေတာလည်းဖြစ်ပါတယ်။
အဲ့ဒီအကြောင်းနဲ့ ပတ်သတ်ပြီး လှယမင်းအိမ်က အခုလိုပဲ ပြောပြလာခဲ့တာပါ။”နင့်ဟာက နှာဘူးသီချင်းကြီးလို့ အဆူခံနေရတယ် မောင်လေး စား..ပြီး ကိုကြီးအလှည့်ပေါ့ ပေါက်ကရတွေချည်း လုပ်ဖြစ်နေသလို ဖြစ်သွားတယ် တကယ်တော့ ညီမက ရိုးရိုးလေး ဟော့ပေါ့နဲ့ ဘူဖေးပဲကျွေးတာပါ ဟိုဟာ ဒီဟာတွေ မကျွေးပါဘူး
tiktok မှာက ဖင်တွေလှုပ်ပြ၊ ရင်တွေလှုပ်ပြနဲ့ ဘာတွေလုပ်နေလဲမသိဘူး ကိုယ်ကတော့ အစားအသောက်ပဲ သီးသန့်ကျွေးတာပါ…မောင်လေး..စား သီချင်းက ကွက်ပြီးပေါက်သွားတော့ ကိုယ့်ကို အဲဒီလိုပေါက်ကရတွေချည်း ဆိုနေတယ်ထင်သွားမှာ ကြောက်တယ် ဒီမှာကပေါက်ကရလုပ်ရင် ကြိုက်ကြတာလားမသိဘူး
ညီမရှေ့မှာ ကောင်းကောင်းမွန်မွန်လေးတွေ လုပ်ခဲ့တာ အဲဒါတွေက ဘာမှမဖြစ်ပဲ ဒီသီချင်းကြီးမှ ဂယက်ထရိုက်တာ မောင်လေးတွေပဲ ကျွေးမှာလား ကိုကြီးတွေရော မကျွေးဘူးလားလို့ လာလာမေးကြတယ်..”အဆိုတော် လှယမင်းအိမ်က မောင်လေးတွေကို ကျွေးပြီးပြီဆိုတော့ အစ်ကိုကြီးတွေကို ကျွေးဖို့ ထပ်စီစဥ်နေတယ် ဆိုပြီးပြောလာခဲ့တာလည်း ဖြစ်ပါတယ်။
Be the first to comment