အလှမယ်သင်းသင်းမှာ သူမနဲ့တူညီတဲ့ အကျင့်စရိုက်တွေရှိတယ်လို့ ပြောပြလာခဲ့တဲ့ ဒေါ်ခင်မြတ်မွန်

အလှမယ်သင်းသင်းမှာ သူမနဲ့တူညီတဲ့ အကျင့်စရိုက်တွေရှိတယ်လို့ ပြောပြလာခဲ့တဲ့ ဒေါ်ခင်မြတ်မွန်

အဆိုတော် ခင်မြတ်မွန်ကတော့ ပရိသတ်တွေသိပြီးသားဖြစ်တဲ့ အဆိုတော် တစ်ယောက်ပါ။ခင်မြတ်မွန်ဟာ အဆိုပညာမှာ ထူးချွန်သူတစ်ယောက်ဖြစ်တဲ့အပြင် အဆိုပိုင်းနည်းပြလည်း ဖြစ်ပါတယ်။ဒေါ်ခင်မြတ်မွန်က အဆိုသင်တန်းပေးသူလည်းဖြစ်ပြီး သီချင်းဆိုတာကို ဝါသနာပါသူတွေက သူမဆီမှာ သင်တန်းလာတက်ကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း အလှမယ်သင်းသင်းဟာ ခင်မြတ်မွန်ဆီမှာ သီချင်းဆိုသင်တန်း တက်နေတာဖြစ်ပြီး ခင်မြတ်မွန်က သင်းသင်းရဲ့ စိတ်နေစိတ်ထားနဲ့ ပတ်သက်ပြီး အခုလိုပဲ ချီးကျူးလာခဲ့ပါတယ်။

ခင်မြတ်မွန်က “ဒီရက်ထဲ..သင်တန်းသားတွေ အတော်လေးများလာတယ်။ ကိုယ်ထမင်းစားတဲ့ အလုပ်ကို သေချာလေး၊စနစ်တကျ စေတနာပါပါလုပ်လို့ အကျိုးပေးတယ်ထင်ပါရဲ့ ကျောင်းသားတွေထဲ ရက်ရှည်သင်တန်းသားရှိသလို အနီးကပ်၊လက်ပူတိုက် သင်ပေးရတဲ့သူတွေလဲ ရှိတယ်။ သူလေးကတော့ နယ် Show ပွဲတစ်ခုအတွက် အနီးကပ်လာတက်တဲ့ သင်တန်းသူ အသစ်လေးပေါ့။

စကားပြောဆိုရတာ ရည်မွန်၊ပွင့်လင်း၊အဆင်ပြေပြီး ချစ်ဖို့ကောင်းတယ် ရီစရာရှိရင်လဲ ကိုယ့်လိုဘဲအားရပါးရ ခွက်ထိုးခွက်လန် ရီတာဘဲ ဟန်မဆောင်ဘူး(အစ်ကို့ပုံရှေ့မှာ အမှတ်တရ ရိုက်ချင်တယ် အန်တီ ဆိုလို့..)”ဆိုပြီးပြောလာခဲ့ပါတယ်။

ခင်မြတ်မွန်ကတော့ အလှမယ်သင်းသင်းကို စကားပြော ရည်မွန်ပွင့်လင်းပြီး ချစ်ဖို့ကောင်းတယ်လို့ ချီးကျူးလာတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင်းသင်းဟာ သူမနဲ့ တူညီတဲ့ အကျင့်စရိုက်တွေရှိတယ်လို့လည်း ပြောပြလာခဲ့တာကိုလည်း တွေ့ရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*