ခေတ်လူငယ်တွေနဲ့အပြိုင် အလန်းဆုံးပြင်ဆင်ကာ Club တက်ပြီးအပြိုင်ကဲတဲ့ ဝါရင့်သရုပ်ဆောင် အကယ်ဒမီ မင်းသမီးကြီး မေသန်းနု..

ခေတ်လူငယ်တွေနဲ့အပြိုင် Club တက်ပြီးအပြိုင်ကဲတဲ့ ဝါရင့်သရုပ်ဆောင် အကယ်ဒမီ မင်းသမီးကြီး မေသန်းနု..

စကားသံဝဲဝဲလေးနဲ့ တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးကြီးမေသန်းနုဟာဆိုရင် တစ်ဦးတည်းသောသားချောလေးပိုင်ဆိုင်ထားပြီး သာယာတဲ့ဘဝလေးကို ဖြတ်သန်းနေသူ တစ်ယောက်ဖြစ်ပါတယ်။ဝါရင့်မင်းသမီးကြီး မေသန်းနုကတော့ ရှေ့မှီနောက်မှီမင်းသမီးတစ်လက်ဖြစ်ပြီး အောင်မြင်မှုတွေကို ရေရှည်ဆက်ထိမ်းထားနိုင်တာလည်းဖြစ်ပါတယ်။

အနုပညာသမား တစ်ယောက်ပီပီ ရုပ်ရှင်အသိုင်း အဝိုင်းက လူတွေနဲ့ ခင်မင်ရင်းနှီးပြီးသားဖြစ်တဲ့ မေသန်းနုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၃) ရက်နေ့က သရုပ်ဆောင်နေဒွေးရဲ့မွေးနေ့ပွဲကို တက်ရောက်ခဲ့ ပါတယ် ။ နေဒွေးရဲ့မွေးနေ့ပွဲကို ရန်ကုန်မြို့ Brave Bar မှာ DJ တွေနဲ့ ပျော်ပျော်ပါးပါးကျင်းပခဲ့ပြီး မေသန်းနုကလည်း လူငယ်တွေကြားထဲမှာ အလန်းဆုံးဝတ်ဆင်ပြီး တက်ရောက်ခဲ့တာကို တွေ့ရပါတယ် ။

ဟိုတစ်လောကလည်း ဝါရင့်မင်းသမီးကြီး မေသန်းနုက မမဆောင်းနဲ့အတူ club တတ်ပြီး အပြိုင်ကဲနေတဲ့ ပုံတွေပေါ်ထွက်လာတာကြောင့် Club ကြိုက်တဲ့ သူလို့ နာမည်ထွက်ပေါ်နေတာပဲဖြစ်ပါတယ်။မေသန်းနု ကတော့ မနက်ဘက်မှာ အလုပ်တွေ လုပ်သလို ညဘက်တွေမှာလည်း သူမပျော်တဲ့နေရာလေးတွေ သွားပြီး အပန်းဖြေလေ့ ရှိသူ တစ်ယောက် ဖြစ်ပါတယ် ။

မေသန်းနုရဲ့နုပျိုလှတဲ့ အလန်းစား ပုံရိပ်လေးတွေကို ဝင်ကြည့်သွားပါအုံးနော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ် ။

Be the first to comment

Leave a comment

Your email address will not be published.


*