အထဲမှာနေခဲ့ရတုန်းက အလှူလုပ်စရာ ပိုက်ဆံမရှိတော့လို့ ကားနဲ့ အဖွားအိမ်လေးကို ရောင်းလိုက်ရ​တဲ့ အဆိုတော်ပိုပို

အထဲမှာနေခဲ့ရတုန်းက အလှူလုပ်စရာ ပိုက်ဆံမရှိတော့လို့ ကားနဲ့ အဖွားအိမ်လေးကို ရောင်းလိုက်ရ​တဲ့ အဆိုတော်ပိုပို

ပရိသတ်ကြီးတို့ရေ ပိုပိုရဲ့ တေးသီချင်းလေးတွေဟာ ဆိုရင်ဖြစ် အချစ်၊အလွမ်း အေးအေးလေးတွေပဲဖြစ်ပြီး လူငယ်တွေရဲ့ကြားမှာ ယနေ့အချိန်ထိ ရေပန်းစား လူကြိုက်များခဲ့တဲ့ သီချင်းကောင်းတွေပဲ ဖြစ်ပါတယ်။ မိန်းကလေးတွေရဲ့ ချစ်ခင်အားပေးမှုသာမက ယောကျာ်းလေးတွေရဲ့ ချစ်ခင်အားပေးမှုကိုပါရရှိနေတဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။

ဒါ့အပြင် တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ဖက်ရှင်အလန်းတွေနဲ့ သူမကို ပုရိသကိုကိုတွေကလည်း ချစ်ခင်အားပေးကြတာဖြစ်ပါတယ်။ဒါ့အပြင် ပိုပိုက အလှူအတန်းတွေမှာလည်း တက်နိုင်သမျှ ပါဝင်လှူဒါန်းပေးသလို ဘာသာရေးကိုလည်း အထူးကိုင်းရှိုင်းသူပဲဖြစ်ပါတယ်။

ဘဝရဲ့အချိန်တစ်နှစ်ကျော်ကိုထောင်ထဲမှာပေးဆပ်ရင်း စိတ်ဓာတ်မကျပဲ ခွန်အားအပြည့်နဲ့ အခက်ခဲတွေကို ရင်ဆိုင်နေခဲ့တာပါ။အထဲမှာနေရပေမယ့် အပြင်က ပရိသတ်တွေကို စိတ်ပူကာ ကားနဲ့ အဖွားအိမ်လေးရောင်းပြီး အလှူလုပ်ခဲ့ကြောင်းကိုလည်း ပြောပြလာခဲ့ပါတယ်။

“အထဲရောက်သွားတဲ့ အချိန်မှာ ကားလည်း ရောင်းလိုက်ရတယ်၊ သုံးစရာလည်း သိပ်မရှိတော့ဘူး။ ကံကောင်းစွာနဲ့ အဘွားအိမ်လေး ရောင်းဖြစ်ခဲ့တော့ အလှူတွေ လုပ်နိုင်ခဲ့တယ်”ဆိုပြီးပြောပြလာခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ပရိသတ်တွေနဲ့ ထပ်တူကျစေမယ့် သီချင်းကောင်းလေးတွေကိုလည်း ဖန်တီးနေတယ်လို့လည်း သိရပါတယ်။ပိုပိုရဲ့ရှေ့ဆက်မယ့် အနုပညာအလုပ်တွေမှာလည်း ဒီထက်မက အောင်မြင်မှုရရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*