ဘယ်သူ့ကိုမှ မယားငယ်ဇာတ်မသွင်းချင်တဲ့အတွက် တရားဝင်ကွာရှင်းပေးလိုက်တယ်ဆိုတဲ့ သရုပ်ဆောင်ထူးခြားရဲ့ဇနီ

ဘယ်သူ့ကိုမှ မယားငယ်ဇာတ် မသွင်းချင်တဲ့အတွက် တရားဝင်ကွာရှင်းပေးလိုက်တယ်ဆိုတဲ့ သရုပ်ဆောင် ထူးခြားရဲ့ဇနီး

သရုပ်ဆောင် ထူးခြားကတော့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးနဲ့ အကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ပါပဲ။ထူးခြားဟာ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို ကိုယ်ပိုင်စားသောက်ကုန်လုပ်ငန်းကိုလည်း စိတ်ဝင်စားတာကြောင့် ပြီးခဲ့တဲ့နှစ်တွေမှာ သရုပ်ဆောင် ပွင့်နဒီမောင်နဲ့အတူတူ ဝက်နံရိုးမီးတောက်နဲ့ ဝက်လက်စွပ်ပြုတ်တို့ကို ရောင်းချခဲ့တာ ပရိသတ်ကြီးအားလုံးလည်း သိပြီးသားဖြစ်မှာပါ။

လက်ရှိမှာလည်း မန္တလေးမြို့မှာ စားသောက်ဆိုင်ကြီး ဖွင့်လှစ်ထားတဲ့ ထူးခြားတို့ ဇနီးမောင်နှံဟာ ဒီကနေ့မှာတော့ တရားဝင် ကွာရှင်းပြတ်ဆဲလိုက်ပြီလို့ ထူးခြားရဲ့ဇနီးဖြစ်သူ မခိုင်ဦးတင့်က သူမရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားလာခဲ့ပါတယ်။”Enough! လုံလောက်တယ်ဆိုတာထက် ပိုသွားတဲ့အချိန်မှာ ကိုယ့်ဆုံးဖြတ်ချက်က အဓိကပါပဲ။ဖြတ်သန်းခဲ့တဲ့ ၈ နှစ်လုံးလုံး ကိုယ့်ဘက်က အကောင်းဆုံး ပေးဆပ်ခဲ့နိုင်တဲ့အတွက် နောင်မှတမဲ့ နောင်တဆိုတာလဲ မရှိပါဘူး။

ဘယ်လိုအမျိုးသမီးနဲ့ ဘယ်လိုပုံစံမျိုးပဲ ပတ်သက်ပတ်သက် လက်မခံနိုင်ဘူးဆိုတာ ယတိပြတ်ပြောထားပြီးသားကိုမှ မလိုက်နာပေးနိုင်တဲ့ ဒီအမျိုးသားကို ကိုယ့်ဘဝထဲက အပြီးအပိုင် ထုတ်ပစ်ခဲ့တဲ့အတွက်လဲ ဘယ်တော့မှ နောင်တရမှာမဟုတ်ပါဘူး။လူ့ဘဝမှာ ဒါမျိုးတွေကြုံရတာ မဆန်းတာမို့ စိတ်ကိုလဲအတတ်နိုင်ဆုံး ပြင်ဆင်ပြီး လုပ်စရာရှိတာလုပ်ခဲ့တယ်။

ဘယ်သူ့ကိုမှလဲ မယားငယ်ဇာတ် မသွင်းချင်ခဲ့တဲ့အတွက် လိုချင်တဲ့သူ ယူသွားနိုင်ဖို့ ကိုယ်တိုင်လဲ ဒီအိမ်ထောင်ရေးကို ရှေ့မဆက်ချင်တော့တဲအတွက် ဒီလမ်းကို ရွေးချယ်ခဲ့တာ မမှားဘူးလို့ပဲခံယူပြီး ရှေ့ဆက်ရှင်သန်ပါမယ် လူသိရှင်ကြား တရားဝင်ယူထားခဲ့ခြင်းဖြစ်လို့ လူသိရှင်ကြားပဲ ဒီကိစ္စကိုအသိပေးခြင်း သက်သက်ဖြစ်ပါတယ်။

ကိုသွင်ထူးအောင် (ခ) ထူးခြားနှင့် 15 Dec 2022 တွင် ကွာရှင်းပြတ်စဲပြီးသည့်အတွက် သူနှင့်ပတ်သတ်သည့် မည်သည့်ကိစ္စအဝဝမှ ကျွန်မနဲ့မသက်ဆိုင်တော့တဲ့အပြင် တာဝန်ယူဖြေရှင်းပေးမည်လည်း မဟုတ်ပါ”ဆိုပြီးတော့ မခိုင်ဦးတင့်ကရေးသားလာပါတယ်။

မခိုင်ဦးတင့်ပြောပုံအရ သူမနဲ့ထူးခြားတို့ရဲ့ အိမ်ထောင်ရေးမှာ တတိယလူပေါ်လာခဲ့တာကြောင့် (၈)နှစ်တာဖြတ်သန်းခဲ့တဲ့ အိမ်ထောင်ရေးကို ရပ်တံ့ဖို့ ဆုံးဖြတ်လိုက်ရတယ်လို့ ဆိုပါတယ်။အိမ်ထောင်ရေးတစ်ခုမှာ အခုလို အဆုံးသတ်သွားတယ်ဆိုတာမျိုးကို ကြားသိရတော့ စိတ်မကောင်း ဝမ်းနည်းဖြစ်ရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*