ဖခင်ဦးကြူးမားနဲ့ သားအဖမှန်းမသိအောင် နေခဲ့ရတယ်လို့ပြောပြလာတဲ့ လူကြမ်းသရုပ်ဆောင် နိုင်လူ
လူကြမ်းသရုပ်ဆောင် နိုင်လူကတော့ အပီပြင်ဆုံးသရုပ်ဆောင်ချက်တွေနဲ့အတူဘကျရာဇာတ်ကောင်တွေမှာ အပီပြင်ဆုံး၊အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့် ပရိတ်သတ်ကြီးတို့ရဲ့ အားပေးမှုကို အခိုင်အမာအပြည့်အဝ ရရှိထားပါတယ်နော်။
အခုတစ်ခါမှာဆိုရင်တော့ လူကြမ်းသရုပ်ဆောင် နိုင်လူက အဖေဖြစ်သူ ဦးကြူးမားနဲ့ သားအဖမှန်းမသိအောင် နေခဲ့ရတဲ့ အကြောင်းအရင်းကို အခုလို ပြောပြလာခဲ့ပါတယ်နော်။
လူကြမ်းသရုပ်ဆောင် နိုင်လူက “အဖေနဲ့က မတွေ့ဖြစ်ဘူး ၊သူလဲ သူအလုပ်နဲ့သူ၊ ကိုယ်လဲ ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့၊ အဖေက ပြောတယ် ငါတို့သားအဖမှန်း မသိအောင်နေမယ်၊ လျှို့ဝှက်ဖဲ ထားမယ်ဆိုပြီး သားအဖဆိုတာ မပြောခဲ့ကြဘူး၊
မင်းသားတစ်ယောက်ဖြစ်ဖို့ဆိုတာ ခန္ဓာကိုယ်ပိုင်း၊ အဝတ်အစားပိုင်း အစစအရာရာ ပြည့်စုံနေမှရတာ၊ ကိုယ့်အခြေအနေနဲ့က မင်းသားလုပ်ဖို့ မဖြစ်နိုင်ဘူးလေ၊ အဲဒါကြောင့် ဗီလိန်လိုင်းပဲရွေးခဲ့တာ”ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်။စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
Be the first to comment