မိန်းခလေးတွေကို သူမလိုအဖြစ်မျိုးမဖြစ်စေဖို့အတွက် သတိပေးစကားဆိုလာတဲ့ အဆိုတော် ခိုင်မြဲသစ္စာ

မိန်းခလေးတွေကို သူမလိုအဖြစ်မျိုးမဖြစ်စေဖို့အတွက် သတိပေးစကားဆိုလာတဲ့ အဆိုတော် ခိုင်မြဲသစ္စာ

အသံချိုချိုလေးကို ပိုင်ဆိုင်ထားပြီးတော့ ပရိသတ်ချစ်ခင် အားပေးမူ့ကိုရရှိထားတဲ့ အဆိုတော် ခိုင်မြဲသစ္စာ ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ်ထင်ပါတယ်။အထာကျတဲ့အချစ် ဆိုတဲ့ အချစ်သီချင်းလေးကို JFire နဲ့ အတူ သီဆိုခဲ့ပြီး နာမည်ကြီး လူသိများလာခဲ့တာ ဖြစ်ပြီး ပရိသတ်တွေ သတိထားမိခဲ့တာလဲ ဖြစ်ပါတယ်။

ယခုနောက်ဆုံးထွက်ထားတဲ့ J Fire နဲ့ အတူ သီဆိုထားတဲ့ ရွှင်လန်းကာစိတ်ချမ်းသာကြစေ ဆိုတဲ့ သင်္ကြန်သီချင်းလေး ဟာလဲပရိသတ်တွေ ကြားထဲမှာ အတော်လေး လူကြိုက်များခဲ့ပြီး ထူးခြားကောင်းမွန်တဲ့ ရိုက်ချက်တွေကြောင့်လဲ ချီးကျူးခံခဲ့ရပါသေးတယ်။အဆိုတော် ခိုင်မြဲသစ္စာ ဟာ ရွှင်လန်းကာစိတ်ချမ်းသာကြစေ ဆိုတဲ့ သင်္ကြန်သီချင်းလေးရဲ့ MTV ထဲမှာ မျက်နှာတည်တည်ကြီး သရုပ်ဆောင် ခဲ့တာနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပြလာခဲ့ပါတယ်။

သူမဟာ ဓမ္မတာလာနေတဲ့အချိန်မှာ ဆိုင်မှာသွားရောက်ပြီး ခေါင်းလျှော်ခဲ့ပြီးနောက် မနက်မိုးလင်းလာတဲ့အခါ မျက်နှာတစ်ခြမ်းဟာ ယောင်နေခဲ့တာကြောင့် ဆေးခန်းကို ချက်ချင်းသွားပြခဲ့ပါတယ်။ဓမ္မတာလာနေချိန်မှာ ခေါင်းလျှော် နားဆေး လုပ်လိုက်မိတာ မျက်နှာနဲ့ ခေါင်းက အကြောတွေ တင်းလာပြီး ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ သွေးကြောမျှင်တွေ ပြတ်တောက်သွားခဲ့တယ်။ခိုင်မြဲသစ္စာ ဟာလက်ရှိမှာ သူမရဲ့ကျန်းမာရေး အခြေအနေဟာ 85% လောက် ပြန်ကောင်းနေပြီးတော့ အရှင်းတော့ မပျောက်ကင်းသေးဖူးလို သိရပါတယ်။

ရွှင်လန်းကာ စိတ်ချမ်းသာကြပါစေ သင်္ကြန်သီချင်း ဗီဒီယိုရိုက်ခါနီး ဖြစ်သွားတော့ ရိုက်ကူးရေးမှာ ပြုံးလို့လဲမရ မျက်နှာယောင်ပြီး နှုတ်ခမ်းပါ ရွဲ့သွားခဲ့ရတယ် လို့ ခိုင်မြဲသစ္စာက ပြောပြထားပါတယ်။အဆိုတော် ခိုင်မြဲသစ္စာကတော့ မိန်းကလေးတွေ အားလုံးကို သူမလို မဖြစ်စေဖို့ သတိပေးထားပါတယ်။

ဓမ္မတာလာတဲ့ အချိန်ဟာ မိန်းကလေးအတွက် အရေးကြီးဆုံး အချိန်ဖြစ်ပြီး ဒီလိုအချိန်မှာ လက်ဖက်စားခြင်း အအေးခံခြင်း ခေါင်းလျှော်တာတွေကို အတတ်နိုင်ဆုံး မလုပ်မိဖို့ အရေးကြီးတယ်လို့ သူမက ပြောပြပေးထားပါတယ်။ခိုင်မြဲသစ္စာဟာ လက်ရှိမှာ သူမရဲ့ကျန်းမာရေး အခြေအနေဟာ 85% လောက် ပြန်ကောင်းနေပြီးတော့ အရှင်းတော့ မပျောက်ကင်းသေးဖူးလို သိရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*