အိမ်မှာကလေးငယ်ရှိသူတိုင်း မပေါ့ဆသင့်တဲ့မီးရထားကောင်များအန္တရာယ်
ယခုလိုအေးမြတဲ့ ရာသီဥတုမှာ သားသားမီးမီးလေးတွေအတွက် သတိပြုစရာပါလေးမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
ထိုင်းမှာ ကလေးငယ်တစ်ယောက် ပိုးနားသန်ကောင် (မီးရထားလိုပိုးကောင်) Millipede ကိုတက်နင်းမိလို့ အဆိပ်သင့်ပြီး ခြေဖဝါးနုနုလေးမှာအပူလောင်သလို ဖြစ်သွားပါတယ် နှစ်ပတ်လောက်ကုသရမှာ ဖြစ်ပါတယ်။
ယခုလိုရာသီမှာ ထင်းပုံကြားကနေ အဲ့ဒီအကောင်လေးတွေက ဖိနပ်ထဲဝင်ခွေနေတာမျိုး၊အိပ်ယာမှာတက်လာမျိုးရှိတတ်ပါတယ် အဲ့ဒီအချိန်မှာအရေပြားနုနယ်သေးတဲ့ကလေးငယ်တွေတက်နင်းတာမျိုး၊
ဒါမှမဟုတ်ဖိအိပ်မိခဲ့ရင်အဲ့ကောင်ကအဆိပ်ရည်တွေထက်လာပြီးပူစပ်ပူလောင်ဖြစ်ပြီးအရည်ကြည်ဖုလေးတွေကနေအနာဖြစ်တတ်ပါတယ်။
ဒါကြောင့် ကလေးတွေကို မျက်စေ့အောက်ကနေ လွှတ်မထားဘဲ ဂရုစိုက်ကြပါနော်။
Be the first to comment