ဆေးသုံးလို ဒီလိုဖြစ်တယ်ထင်နေကြတာ အဆိုးဆုံးဘဲလို့ ပြောပြလာတဲ့ Rapper A4ကျော်စွာ
ပရိသတ်ကြီးတို့ရေ Rapper အဆိုတော် A4ကျော်စွာရယ်လို့ လူမသိခင်က ရေသန့်ဗူးပို့တဲ့ လူငယ်တစ်ယောက်ပါ။Rapper လေးတစ်ယောက်ဖြစ်တဲ့ A4 ကျော်စွာရဲ့ လက်တလော အခြေအနေနဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ယက်သုံးစွဲသူတွေရဲ့ကြားမှာ သူဟာဆေးသုံးသူတစ်ယောက်အဖြစ် ပျံ့နှံ့နေတာကို တွေ့ရပါတယ်။အဲ့ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး A4ကျော်စွာက အခုလိုဘဲပြောပြလာခဲ့ပါတယ်။
” အဆိုးဆုံးက ဆေးသုံးတယ်လို့ ထင်ကြတယ် ပြန်မသုံးပါနဲ့တဲ့။ကျွန်တော် ဒီလိုဖြစ်တာကလည်း ဆေးသုံးလို့လည်းမဟုတ်ဘူး ဟိုအရင်က သုံးတယ် အဆိုတော်ဖြစ်ပြီးနောက်ပိုင်း ကောင်းကောင်းမွန်မွန် နေကြည့်တယ်။လမ်းဘေးရောက်တယ် ခုကူညီနေတဲ့ သူကလည်း ပရဟိတလုပ်ပြီး ခေါ်တာလည်းမဟုတ်ဘူး
ပရဟိတ အသင်းလည်း မဟုတ်ဘူး သူတို့အလုပ် သူလုပ်တဲ့ စီးပွားရေးသမားဘဲ ကူညီတာလည်း အတိုင်းထက်အလွန်ဘဲ မိသားစုလိုနေလို့ ကိုယ်စိတ်လည်း ပျော်ရတယ် တချို့ကရှိတယ် ကူညီမယ်ဆိုပြီး ခေါ်ထားတယ် ကြာတော့လည်း မကြည်ကြတော့ဘူး
တချို့ကလည်း သူတို့လိုလို့ ခေါ်တာပေါ့ ကျော်စွာကို ကူညီလိုက်ပါပြီ ဆိုတာကလည်း ရှိတယ် ခုကူညီသူတွေကလည်း လိုင်းပေါ်ပုံတွေတင်တာမျိုးတွေ မရှိဘူး ကိုယ်စိတ်လည်း ပျော်ရတယ်”ဆိုပြီးတော့ A4ကျော်စွာက ပြောလာခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။
Be the first to comment