ဇာတ်လမ်းတွဲအသစ်တွက် (၃)လအတွင်း ဝိတ်ချဖို့ ကြိုးစားနေရတဲ့ ထူးခန့်ကျော်
သရုပ်ဆောင် ထူးခန့်ကျော်ကတော့ တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုရရှိနေသူဖြစ်ပါတယ်။ဗီဒီယိုလောကပျက်သုဉ်းပြီးတဲ့နောက် ဇာတ်လမ်းတွဲတွေနဲ့ တဖန်အောင်မြင်လာတဲ့ ထူးခန့်ကျော်ဟာ “မမှီဝဲနဲ့ကင်းအောင်နေ”၊ “ဝိပါက” စတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း အနုပညာမှတ်တိုင်တစ်ခုကို စိုက်ထူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း ဇာတ်လမ်းတွဲအသစ်ရိုက်ကူးဖို့ ပြင်ဆင်နေလျက်ရှိတဲ့ ထူးခန့်ကျော်ဟာ ဒီကနေ့မှာလည်း သူ့ရဲ့ဇာတ်ကောင်သစ်အတွက် ဝိတ်ချဖို့ ကြိုးစားရမယ်ဆိုတဲ့အကြောင်းကို အသိပေးလာပါတယ်။
ထူးခန့်ကျော်ဟာ “ကတော်” ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်လေးမှာ သရုပ်ဆောင်ဖို့ သူ့ရဲ့လက်ရှိခန္ဓာကိုယ်ကနေ ပိန်သွားအောင် သုံးလအတွင်း ကြိုးစားဖို့ရှိကြောင်း ပြောလာပါတယ်။
ထူးခန့်ကျော်ကတော့ ဇာတ်လမ်းတွဲတွေ မရိုက်ခင်တိုင်းမှာ ဇာတ်ကောင်ရဲ့ လိုအပ်ချက်အတိုင်းကို ပြင်ဆင်လေ့ရှိပြီး ရလဒ်ကောင်းတွေကို ဖန်တီးတတ်သူပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးတို့လည်း ထူးခန့်ကျော်သရုပ်ဆောင်မယ့် “ကတော်” ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်လေးကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။
Be the first to comment