စားနေတဲ့ပေါက်စီထဲက အကောင်​အရှင်ကြီး ထွက်လာတာတဲ့နော် သတိထားပြီး စားသုံးကြပါ

စားနေတဲ့ပေါက်စီထဲက အကောင်​အရှင်ကြီး ထွက်လာတာတဲ့နော် သတိထားပြီး စားသုံးကြပါ

ပရိသတ်ကြီးတို့ရေ လူမှုကွန်ရက်ပေါ်မှာ အဖွဲ့ဝင် ၁.၁ သန်းကျော် ရှိတဲ့ စားကြမယ်၊ ချက်ကြမယ် ဂရုမှာ အဖွဲ့ဝင်တဦး တင်ထားတဲ့ပေါက်စီ အကြောင်းအရာကတော့ လူပြောများလျက် ရှိပါတယ်။ ပေါက်စီထဲမှာ အမျိုးအမည်မသိတဲ့ အကောင်တမျိုး ပါဝင်လာတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။

အပူရှိန် မြင့်မားတဲ့ ရေနွေးငွေ့နဲ့ ပေါင်းထားတဲ့ ပေါက်စီထဲမှာအမျိုးအမည်မသိတဲ့ အကောင်တကောင် အသက်ရှင်နေတယ်ဆိုတဲ့ ကိစ္စဟာ အတော်ထူးဆန်းတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ မူရင်းပို့စ်မှာ ပေါက်စီရဲ့ တံဆိပ်ကို ဖော်ပြထားပေမယ့်လည်း ကိစ္စရပ် တချို့ကြောင့် ယခုပို့စ်မှာ ချန်လှပ်ထားခဲ့ပါမယ်။

ဂျပန်နပန်းသမား နာမည်နဲ့ ပေါက်စီတံဆိပ် ဖြစ်ပါတယ်။လက်ရှိအချိန် မြန်မာနိုင်ငံပြည်သူတွေ နေ့စဉ်စားသောက်နေရတဲ့ အစားအသောက်တွေဟာ သန့်ရှင်းမှု၊ ကျန်းမာရေးနဲ့ ညီညွှတ်မှု အားနည်းနေကြတာကို တွေ့ရပါတယ်။ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကြောင့် အမြတ်အစွန်းရရှိမှု နည်းပါးလာကြတဲ့ အစားအသောက် ပြုလုပ်သူတွေဟာ ဖြစ်သလိုလုပ်လာကြတာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအသောက်တွေကို ရွေးချယ်ချက်ပြုတ် စားသောက်မယ်ဆိုပါက ရရှိတဲ့ဝင်ငွေနဲ့ ဘယ်လိုမှ မဖြစ်နိုင်တာကြောင့်သိသိနဲ့ပဲ ဝယ်ယူစားသောက်နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ပြည်သူတွေရဲ့ လူမှုနေထိုင်မှုဘဝတွေ မလုံခြုံနေသလို အစားအသောက်ပါ လုံခြုံမှုမရှိတဲ့ အနေအထား ဖြစ်နေပါတယ်။

မြန်မာနိုင်ငံ အစားအသောက်ကွပ်ကဲမှု အဖွဲ့ကလည်း အမည်သာရှိပြီး အလုပ်ကို မည်ကာမတ္တသာ လုပ်နေတာကြောင့်လည်း အခြေအနေတွေက ပိုမိုဆိုးရွားလာတာ ဖြစ်ပါတယ်။ဝိသမလောဘသားတွေအနေနဲ့ကလည်း မိမိအမြတ်အစွန်းရရှိရေးကိုသာ မကြည့်ဘဲ ပြည်သူတွေဖက်ကို တချက်လှည့်ကြည့်သင့်ပါတယ်။ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သမျှ ကိုယ့်ဘာသာချက်ပြုတ်စားသောက်ဖို့ ကြိုးစားသင့်ပါတယ်။ဈေးသက်သာပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေကို ရွေးချယ် စားသောက်ဖို့ အရေးကြီးပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*