ထောင်ထဲမှာ အားကိုးဖော် အားပေးဖက်အနေနဲ့ အမြဲရှိနေပေးတဲ့ ပိုင်တံခွန်ရဲ့အကြောင်းကိုပြောပြလာတဲ့ ပိုပို

ထောင်ထဲမှာ အားကိုးဖော် အားပေးဖက်အနေနဲ့ အမြဲရှိနေပေးတဲ့ ပိုင်တံခွန်ရဲ့အကြောင်းကိုပြောပြလာတဲ့ ပိုပို

ပရိသတ်ကြီးတို့ရေ အဆိုတော် ပိုပိုကတော့ မကြာသေးမီကမှ အကျဥ်းကျနေရာကနေ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ရှေ့ကို ပြန်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ တေးသံရှင် အဆိုတော်ပိုပိုက သူမရဲ့မြတ်နိုးတန်ဖိုးထားရတဲ့ သီချင်းတွေကို ပြန်လည်လုပ်ကိုင်နေပြီး ‘အိမ်လွမ်းနာ’ သီချင်းလေးကတော့ တစ်ရက်အတွင်းမှာဘဲ ကြည့်ရှုသူ ပရိသတ် တစ်သန်းကျော်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အဆိုတော်ပိုပိုက ထောင်ထဲမှာတုန်းက အားပေးဖော် အားပေးဖက်အနေနဲ့ ရှိနေပေးခဲ့တဲ့ မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန်နဲ့ အပြင်မှာပြန်တွေ့ရလို့ ဝမ်းသာရတဲ့အကြောင်းကို သူမရဲ့ Ig မှာ အမှတ်တရ ပုံလေးတွေနဲ့အတူ တင်ပေးလာခဲ့တာလည်း ဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*