သူမသရုပ်ဆောင်ထားတဲ့ ကြော်ငြာလေးကို ပထမဆုံးရှာပေးနိုင်ပါက ဆုငွေ ၁၀သိန်းပေးမည်ဟုဆိုလာတဲ့ စမိုင်းလ် …

သူမသရုပ်ဆောင်ထားတဲ့ ကြော်ငြာလေးကို ပထမဆုံးရှာပေးနိုင်ပါက ဆုငွေ ၁၀သိန်းပေးမည်ဟုဆိုလာတဲ့ စမိုင်းလ် …

တစ်ခေတ်တခါထဲက အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်နှင့် မော်ဒယ်တစ်ယောက်ဖြစ်တဲ့ စမိုင်းလ်က ပေါ်ရှာနဲ့ ကလိုဝီ ဆိုတဲ့ သမီးနှစ်ယောက်ကို မွေးဖွားထားတဲ့ မေမေတစ်ယောက်ပဲဖြစ်ပါတယ် ။ဒါပေမယ့် စမိုင်းလ် ကတော့ အသက်ကြီးလာတာနဲ့အမျှ ရင့်ကျက်မှုတွေတိုးပြီး ပိုလှလာသူတစ်ယောက် ဖြစ်ပါတယ် ။ စမိုင်းလ် ကတော့ အရမ်းချစ်တတ်တဲ့ အမျိုးသားကိုပိုင်ဆိုင်ထားပြီးချစ်ရတဲ့သမီးလေးနှစ်ယောက်နဲ့ အတူ

စီးပွားရေးလုပ်ငန်းတွေအပြင် အနုပညာလုပ်ငန်းတွေကိုပါ မလစ်ဟင်းရအောင် ကြိုးစားလုပ်ဆောင်နေတဲ့ မော်ဒယ်မင်းသမီးတစ်ဦးပါ ။ သူမကတော့ တစ်ခါကရုပ်ရှင်မင်းသမီးကြီး ဒေါ် ခင်လေးဆွေ ရဲ့ မြေးတော်စပ်သူလဲ ဖြစ်ပါတယ်။ ယခင်အချိန်တွေက ပင်ပင်ပန်းပန်းနဲ့ ကြိုးစားရုန်းကန်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ စမိုင်းလ် ဟာ လူအများလေးစားအားကျရတဲ့ချမ်းသာကြွယ်ဝမှု့တွေကို ပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။

ယခုတစ်ခါမှာတော့ ၂၂ရက်နေ့မှာကျရောက်ရဲ့ ကျမရဲ့အမျိုးသားအတွက်မွေးနေ့လက်ဆောင်ပေးချင်လို့ ကျမသရုပ်ဆောင်ထားတဲ့သူအရမ်းကြိုက်ခဲ့တဲ့ကြော်ငြာတွေဖြစ်တဲ့….. ဘယ်လောက်ထိချစ်လဲပြောကြော်ငြာ ( မျက်မှန်လှုပ်တဲ့ သီချင်းကြော်ငြာ ) ခွင့်လွှတ်တယ် ( သီချင်းကြော်ငြာ ) ယခုကြော်ငြာလေးတွေကိုသိမ်းထားတဲ့သူရှိခဲ့ရင် သို့မဟုတ် ရှာပေးနိုင်သူရှိခဲ့ရင်

ထိုက်ထိုက်တန်တန်လက်ဆောင်ငွေပေးပါမယ်.. ကူညီပေးကြပါအုန်းနော် 🙏🏼 ပထမဆုံးရှာတွေ့တဲ့သူကိုသာဆုငွေ ၁၀သိန်းစီပေးသွားမှာဖြစ်ပါတယ်နော်။ဆိုပြီး ​ပြောလာတာပဲဖြစ်ပါတယ်။ဖတ်ရှု့ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*