ရလာတဲ့စားစရာလေးနဲ့ ညီမလေးကို ခွံ့ကျွေးရလို့ကျေနပ်ပီတိနဲ့ပြုံးပျော်နေခဲ့တဲ့ ကောင်လေး
ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းလာတဲ့ ကလေးငယ်တစ်ဦးဟာ လမ်းပေါ်မှာ အများပြည်သူတွေထံ တောင်းစားနေတာကိုတွေ့ရခြင်းဟာ အဆန်းမဟုတ်တော့ပါဘူး။
လမ်းပေါ်မှာ အဆိုပါကလေးငယ်များစွာကို နေရာတိုင်းမှာတွေ့နိုင်ပြီး ကလေးအချို့ဟာ သူတို့အားငွေများပေးဖို့ အတင်းအကျပ်ဖိအားပေးပြီး လူအများကို နှောက်ယှက်ခြင်းကြောင့် မောင်းထုတ်ခံနေရတတ်ပါတယ်။
လမ်းပေါ်ကကလေးတွေဟာ ခိုးတာ လုတာတွေလည်း လုပ်တတ်ပါသေးတယ်။ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က Geo Tolentino Ringor အမည်ရှိတဲ့ အမျိုးသမီးနှင့် သူမရဲ့ခင်ပွန်း John BenedictRingor တို့ကတော့ သူတို့အား အကောင်းဆုံးနည်းဖြင့် အံ့အားသင့်သွားစေခဲ့တဲ့ လမ်းပေါ်က ကောင်လေးတစ်ဦးနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
သူတို့ ဇနီးမောင်နှံဟာ မနီလာမြို့တော်ရဲ့ထင်ရှားတဲ့ Jollibee ဆိုတဲ့အသင့်စား အစားအစာဆိုင်မှာရှိနေခဲ့ရင်း ဆိုင်အပြင်ဘက်မှာ ကောင်လေးတစ်ယောက် အစားအစာတောင်းစားနေတာကို ခင်ပွန်း John Benedict ကသတိပြုမိခဲ့ပါတယ်။
John Benedictက အဆိုပါကောင်လေးကို ပိုက်ဆံပေးမယ့်အစား ဇနီးဖြစ်သူ Geoကို ကောင်လေးအတွက် Jollibee အစာဘူးတစ်ခု ဝယ်ပေးဖို့ပြောပြီး ကောင်လေးကိုပေးခဲ့ပြီး အဆိုပါကောင်လေးကလည်းယူပြီးတာနဲ့ ချက်ချင်းဘဲ အမြန်ထွက်သွားခဲ့ပါတယ်။သူတို့ဇနီးမောင်နှံကလည်း ကောင်လေးထွက်သွားတာကိုအထွေအထူး မတွေးခဲ့ကြပါဘူး။
အဲ့ဒီနောက် Geo နဲ့ JohnBenedict တို့ဟာ အဆိုပါဆိုင်မှအထွက် သူတို့ဆီအစာတောင်းစားခဲ့တဲ့ ကောင်လေးကို သူ့ရဲ့ညီမလေးလို့ထင်ရတဲ့ ကလေးမလေးတစ်ယောက်နဲ့အတူရှိနေတာကို တွေ့ခဲ့ကြပါတယ်။အဆိုပါကလေးနှစ်ယောက်ဟာ Jollibee ဆိုင်ထွက်ပေါက်အနီးရှိ ကွန်ကရစ်တုံးပေါ်မှာ ထိုင်နေကြပြီး ကောင်လေးက သူတို့ပေးတဲ့အစားအစာကို ညီမလေးဖြစ်သူအား ခွံ့ကျွေးနေတာကိုမြင်ခဲ့ကြပါတယ်။
Geoက အဆိုပါကြည်နူးစရာကောင်းတဲ့ မြင်ကွင်းကို ဓာတ်ပုံအချို့ရိုက်ယူခဲ့ပြီး ဓာတ်ပုံတစ်ပုံမှာ အဆိုပါကောင်လေးက သူ့ညီမလေးအား အစာခွံ့ကျွေးပြီးနောက် သူ့မျက်နှာပေါ်မှာ ရွှင်လန်းမှုအပြည့်နဲ့ ပီတိအပြုံးပြုံးနေတာကို တွေ့ခဲ့ရပါတယ်။
အဆိုပါ ကောင်လေးဟာ ကိုယ်တိုင်ကငယ်ရွယ်နေသေးပေမဲ့လည်း ညီမလေးအတွက်တော့ ကိုယ်ကျိုးစွန့်ဖို့ အဆင်သင့်ရှိနေပြီးသားဖြစ်နေတာကို သူ့ရဲ့ပီတိဖြစ်နေတဲ့အပြုံးကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ကမ္ဘာပေါ်မှာ ဒီလိုကလေးလေးတွေ နေရာအနှံ့ရှိနေတတ်ပေမဲ့ သူတို့ကို ကူညီပေးနိုင်မယ့်လူတွေက အနည်းအကျဉ်းသာရှိနေတတ်ပါတယ်။
Be the first to comment