ငယ်ချစ်ဦးနဲ့ ပြန်လက်တွဲခဲ့တယ်ဆိုတဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော်
ပရိသတ်ကြီးတို့ရေ ဝါရင့်သရုပ်ဆောင် မျိုးစန္ဒီကျော် ကတော့ အမိုက်စား သရုပ်ဆောင်ကွက်တွေနဲ့အတူအမျိုးမျိုးသော ဇာတ်ကောင်တွေမှာ မတူညီတဲ့သရုပ်ဆောင်မှုများနဲ့ အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာအပြည့်အဝ ရရှိထားပါတယ်နော်။
အခုတစ်ခါမှာဆိုရင်တော့ သရုပ်ဆောင် မျိုးစန္ဒီကျော်က သမီးလေးက အဆင်ပြေတယ်လို့ပြောလို့ ငယ်ချစ်ဦးနဲ့ပဲ ပြန်လက်တွဲခဲ့တဲ့အကြောင်းကို အခုလိုပြောပြလာခဲ့ပါတယ်နော်။
သရုပ်ဆောင် မျိုးစန္ဒီကျော်က “၂၀၁၆ ခုနှစ်မှာ အိမ်ထောင်ကွဲသွားခဲ့တယ်၊ ၂၀၁၉ လောက်မှာ ငယ်ချစ်ဟောင်းနဲ့ ပြန်ဆုံခဲ့တယ်၊ သူက အရင်က လူဆိုး၊ ခေါင်းအရမ်းမာတယ်၊
စိတ်မရှည်ဘူး၊ အခုတော့ အစ်မတို့သားအမိကြောင့် မကောင်းတာတွေ အကုန် သူစွန့်လွှတ်ပစ်ခဲ့တယ်၊ သမီးလေးကလည်း သူ့ကို ချစ်ပါတယ်၊ သမီးလေးနဲ့ အဆင်ပြေလို့ သူ့ကိုလက်တွဲခဲ့တယ်” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်။
Be the first to comment