ပဲခူးငလျင်’သူငြိမ်နေတယ် မသိကြလို့လား ဘယ်သူကမှလည်း အလေးမထားကြ🥶

‘ပဲခူးငလျင်’သူငြိမ်နေတယ် မသိကြလို့လား ဘယ်သူကမှလည်း အလေးမထားကြ🥶

မြန်မာနိုင်ငံအတွင်းရှိ ငလျင်ကြောတစ်ခုဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့ကြော ဖြတ်သန်းရာ ပဲခူးဒေသအနီး ဝန်းကျင်တွင် ငလျင်လှုပ်ခတ်နိုင်မှု အလားအလာများလာကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်။စစ်ကိုင်းပြတ်ရွေ့၏ အပိုင်းအချို့ကို ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်နှင့် ပူးပေါင်းလေ့လာခဲ့ပြီး သုတေသနတွေ့ရှိချက်အရ ပဲခူးဒေသ၌ ၁၉၃ဝ ခုနှစ်က ရစ်ချ်တာစကေး ခုနစ်ကျော်သည့် ငလျင်ကြီး နောက်ဆုံးလှုပ်ခတ်ခဲ့ပြီးနောက် နှစ်ပေါင်း ၁၀ဝကျော်အတွင်း ငလျင်ပြန်လှုပ်နိုင်သည့် အလားအလာမှာ တဖြည်းဖြည်း ပိုမြင့်လာကြောင်း သိရပါတယ်။

“ငလျင်ဆိုတာ ဘယ်နေ့၊ ဘယ်အချိန်မှာ အင်အားဘယ်လောက်နဲ့ ဖြစ်မလဲဆိုတာ အတိအကျတော့ မပြောနိုင်ဘူး။ ဒါပေမယ့် အဲ့ဒီဒေသမှာ ငလျင်ကြီးလှုပ်ရန် ဖြစ်နိုင်ခြေ အလားအလာ မြင့်လာတယ်ဆိုတာ သုတေသနတွေ့ရှိချက်အရ သိရတယ်။ပဲခူးငလျင်တုန်းက ပဲခူးမြို့မှာသာမကပဲ ရန်ကုန်မှာပါ သက်ရောက်မှုရှိခဲ့လို့ ရန်ကုန်မှာလည်း သတိပြုသင့်ပါတယ်” ဟုဒေါက်တာ ယဉ်မျိုးမင်းထွေးက ပြောပါတယ်။မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းနှင့် မြောက်ပိုင်းတို့တွင်လည်း နှစ်စဉ် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်နေသည့်အတွက် သတိပြုရန် လိုအပ်ကြောင်းလည်း ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်းတို့၊ မြောက်ပိုင်းတို့မှာဆိုရင် ရေထုချပ် တိုးဝင်တဲ့အတွက် ဖြစ်တဲ့ငလျင်တွေ နှစ်စဉ်နှစ်တိုင်း ရှိနေတဲ့အတွက် ဒီဘက်မှာလည်း သတိပြုသင့်တယ်။နောက်စစ်တွေမြို့ အနီးမှာဆိုရင် အင်အားပြင်းပြီး ရှစ်ကျော်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ရှားခဲ့ပြီး အဲ့ဒီငလျင်ကြီးရဲ့အရှိန်က ဆူနာမီလှိုင်း ဖြစ်ပေါ်ခဲ့ဖူးတဲ့အတွက် အဲ့ဒီဘက်အပိုင်းမှာတော့ မြေငလျင်သာမကဘဲ ဆူနာမီလည်း သတိပြုသင့်ပါတယ်” ဟုပြောပါတယ်။မြန်မာနိုင်ငံတွင် ၂ဝ၂ဝ တစ်နှစ်တာအတွင်း ငလျင်၂၁၈ကြိမ် လှုပ်ခတ်ခဲ့ပြီး အင်အား အသင့်အတင့်နှင့် အင်အားနည်းငလျင်၂၁၇ကြိမ်နှင့် အင်အားပြင်းထန်သည့်ငလျင် တစ်ကြိမ်လှုပ်ခတ်ခဲ့ကြောင်း ငလျင်ဌာနခွဲမှ သိရပါတယ်။

“အပေါ်အောက် ရွေ့တာရှိသလို ပွတ်ဆွဲနေတာမျိုးလည်း ရှိတယ်။ ငလျင်အသေးတွေ ခဏခဏ လှုပ်နေရင် တစ်ခါတစ်လေကျတော့လည်း ကောင်းတတ်တယ်။ အင်အားက လျော့သွားတဲ့အတွက် ငလျင်အကြီးကြီး လှုပ်ဖို့ အခွင့်အရေး နည်းသွားတာပေါ့။ တင်းခံနေရင်တော့ အခွင့်အရေးများတာပေါ့ ဒါကတစ်မျိုး။နောက်တစ်ခုကတော့ အကြီးကြီးတွေလှုပ်ဖို့ အသေးလေးတွေ ပထမလှုပ်ပြီးတော့မှ အကြီးကြီးတွေ လာတာမျိုးလည်း ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ တထစ်ချပြောလို့တော့ မရပါဘူး ငလျင်က” ဟုမြန်မာနိုင်ငံ ငလျင်ကော်မတီ ဥက္ကဋ္ဌ ဦးညွန့်မောင်စန်းက ပြောပါတယ်။

ငလျင်လှုပ်ခတ်သည့် အကြိမ်အရေအတွက်မှာ တစ်နှစ်ထက်တစ်နှစ် ပိုများလာနေကြောင်း ငလျင်ဌာနခွဲ၏ မှတ်တမ်းများတွင် ဖော်ပြထားပါတယ်။ပညာရှင်တစ်ယောက်ရေးထားသည့်စာကို ဖော်ပြပေးလိုက်ပါသည်။” Bed Rock Geology–အောက်ခံကျောက်တွေရဲ့ ဘူမိဗေဒ ”ငလျင်ကို ဘယ်နေ့လုပ်မလဲ?ဘယ်လောက် ပြင်းအားရှိမလဲ?လို့ မေးလာခဲ့ရင် ထိန်းချုပ်ချက် Controlling Factorတွေက-အများကြီးပါ ”ဒီအရေးကြီးဆုံး အချက်တွေက အချက်တစ်ခုကတော့ Bed Rock Geology အောက်ခံကျောက်တွေရဲ့ဘူမိဗေဒ “ဖြစ်ပါတယ်။

အောက်ခံကျောက်လွှာတွေက မာရင် ချိတ်တွဲနေတတ်ပြီး ငလျင်က ပြင်းထန်လေ့ ရှိပါတယ်။အောက်ခံကျောက်လွှာတွေက ပျော့ရင်အလိုက်သင့်ပါလာပြီး ငလျင်က အားပျော့လေ့ ရှိပါတယ်။လက်ရှိအခြေအနေက“ငလျင်ငယ်တွေ နေရာအနှံ့လှုပ်နေတယ် ”အိန္ဒိယ plate ဟာ NNE Direction နဲ့ ဆက်ရွေ့နေတယ်။ဒီတော့ စောက်နက်ငလျင် (Depth>70Km)တွေလဲ တွေ့နေရတယ်။လတ်တလော အချိန်စေ့လုစေ့ခင်က–ပဲခူးငလျင် ”သူငြိမ်နေတယ်။မသိကြလို့လား?ဘယ်သူကမှလည်း အလေးမထားကြ။”နေပါစေ…ကိုယ်က အဝေးမှာပါ”

Be the first to comment

Leave a comment

Your email address will not be published.


*