ရန်အောင်ရဲ့အိမ်မှာနေရင်းနဲ့ ပြောင်းလဲလာခဲ့တဲ့ သူဘဝအကြောင်းကို ပြောပြလာတဲ့ ကျော်ဇောဟိန်း

ရန်အောင်ရဲ့အိမ်မှာနေရင်းနဲ့ ပြောင်းလဲလာခဲ့တဲ့ သူဘဝအကြောင်းကို ပြောပြလာတဲ့ ကျော်ဇောဟိန်း

ပရိတ်သတ်တို့ကြီးရေ မင်းသားကြီး ကျော်ဇောဟိန်းကတော့ အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့အတူ ပရိသတ်တွေရင်ထဲကို ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ အနုပညာရှင်ကြီးတစ်ဦးပဲ ဖြစ်ပါတယ်။ကျရာဇာတ်ကောင်တွေမှာလဲ အကောင်း ဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားပါတယ်နော်။သူကတော့ နယ်ပရိတ်တွေရဲ့ ချစ်ခင်အားပေးမှု့ကို အဓိကရရှိထားပြီးတော့ အက်ရှင်ကားတွေကိုသာ အဓိကထားရိုက်ကူးတဲ့ မင်းသားတစ်ဦးပါပဲ။

ဗီဒီယိုဇာတ်ကားတွေ ခေတ်စားခဲ့တဲ့အချိန်တုန်းက ကျော်ဇော်ဟိန်းရဲ့ ဇာတ်ကားတွေကို စောင့်ကြည့်အားပေးတဲ့ ပရိသတ်များစွာရှိခဲ့ပါတယ်။မင်းသား ကျော်ဇော်ဟိန်းဟာ အောင်မြင်မှု့တွေရရှိနေတဲ့အချိန်မှာ ဆိုဂျူကိုစတင် စမ်းသောက်ရာမှ မူးယစ်စေတဲ့အရက်ကြောင့် ကျန်းမာရေးထိခိုက်ပြီး ဇာတ်ကားတွေကို ဆက်လက်ရိုက်ကူးနိုင်ခြင်း မရှိခဲ့ပါဖူး။နောက်ပိုင်းမှာတော့ အရက်ကြောင့် သေမင်းတံခါးဝကို နှစ်ကြိမ်တိုင်ရောက်ရှိခဲ့ပြီး လက်ရှိမှာ ကျန်းမာပျော်ရွှင်စွာနဲ့ ဇာတ်ကားတွေကို ပြန်လည်ရိုက်ကူးနိုင်ပါပြီ။

MRTV-4 မှာထုတ်လွှင့်ပြသခဲ့တဲ့ ဝိပါက ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး အဆိုပါဇာတ်လမ်းတွဲဟာလဲ အရမ်းကိုအောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ဝိပါက ဇာတ်လမ်းတွဲထဲမှာ မင်းသား ကျော်ဇောဟိန်း ရဲ့ ဘာဝဆန်တဲ့သရုပ်ဆောင်ချက်တွေကို တွေ့မြင်နိုင်ပါတယ်နော်။ကျော်ဇောဟိန်း ဟာ အနုပညာလမ်းကြောင်းပေါ်ကို အောင်အောင်မြင်မြင်နဲ့ လျှောက်လှမ်းနိုင်အောင် ကူညီပေးခဲ့တဲ့ ဆရာဖြစ်သူ မင်းသားကြီး ရန်အောင် ကို ကျေးဇူးတင်စကားပြောလိုက်ပါတယ်။

“အနုပညာနဲ့ပတ်သက်ပြီး ဇာတ်ရုပ်မျိုးစုံ သရုပ်ဆောင်ချင်တယ် ကိုရန်လေးကြောင့် ကျွန်တော်အနုပညာလုပ်ခွင့်ရခဲ့တယ် သူ့အိမ်မှာ ကားမောင်းတဲ့အလုပ်လုပ်ရင်း အစ်ကိုက ဇာတ်ကားမှာလိုအပ်ရင် ဝင်သရုပ်ဆောင်ခိုင်းတယ် သူ့အိမ်မှာ အလုပ်မလုပ်တော့တဲ့အချိန်ကျမှ ထုတ်လုပ်ရေးတွေနဲ့ ကျွန်တော်လက်တွဲခဲ့တာပါ” ဆိုပြီး အင်တာဗျူးတစ်ခုမှာ ဖြေကြားသွားခဲ့ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*