ထောင်ဒဏ်(၅)နှစ်ထိချမှတ်ခံခဲ့ရတဲ့ မော်ဒယ်လ်၊သရုပ်ဆောင် သင်ဇာဝင့်ကျော်

ထောင်ဒဏ်(၅)နှစ်ထိချမှတ်ခံခဲ့ရတဲ့ မော်ဒယ်လ်၊သရုပ်ဆောင် သင်ဇာဝင့်ကျော်

ပရိသတ်ကြီးတို့ရေ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ဒီကနေ့ ဒီဇင်ဘာလ(၂၃)ရက်မှာ ရန်ကုန်၊အင်းစိန်ထောင်တွင်းတရားရုံး၊ မရမ်းကုန်းမြို့နယ်တရားခွင်ကနေ ထောင်ဒဏ်(၅)နှစ် ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်နန်းမွေစံတို့ကို ကာယိန္ဒြေပျက်ပြားစေတဲ့ အဖော်အချွတ်ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေးငွေရယူကာ ဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အီလက်ထရောနစ်ပုဒ်မ ၃၃(က)နဲ့ တရားစွဲဆိုထားတာပဲဖြစ်ပါတယ်။

“သင်ဇာ့ ကျန်းမာရေးကောင်းပါတယ်။ပြုံးပြုံးလေးပဲတွေ့ရတယ် သူများတွေလွတ်ပြီး ပြန်ကြတော့ ပြန်ချင်တဲ့စိတ်တော့ ဖြစ်နိုင်တာပေါ့ ဒါပေမဲ့ သူစိတ်ဓာတ်အရမ်းခိုင်မာပါတယ် ရင်ဆိုင်ရဲတဲ့စိတ်ကို တွေ့ရတယ်”လို့နီးစပ်သူတစ်ဦးက ပြောပါတယ်။

မော်ဒယ်လ်၊သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့အတူ တစ်ရက်တည်းမှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ မော်ဒယ်နန်းမွေစံကတော့ မြောက်ဒဂုံမြို့နယ်အတွင်းမှာ ဖမ်းဆီးခံလိုက်ရပြီး ထောင်ဒဏ်(၇)နှစ် ချမှတ်ထားတာပါ။

Be the first to comment

Leave a comment

Your email address will not be published.


*