စာရေးဆရာအကြည်တော် ကျန်းမာရေးတိုးတက်လာကြောင်း အကိုဖြစ်သူအသိပေ

စာရေးဆရာအကြည်တော် ကျန်းမာရေးတိုးတက်လာကြောင်း အကိုဖြစ်သူအသိပေး #၁၀မိနစ်လောက်နှလုံးရပ်သွားသေးတယ်တဲ့ …

ပရိသတ်ကြီးရေ ဟာသစာပေတွေကို အဓိကထား ရေးသားတဲ့ နာမည်ကြီးစာရေးဆရာတစ်ဦးဖြစ်တဲ့ အကြည်တော်လို့ဆိုလို့ရင် မသိသူမရှိလောက်အောင် နာမည်ကြီးလှပါတယ်။ အကြည်တော် ရဲ့ ဝတ္ထုတွေဟာ ထူးခြားကောင်းမွန်းလွန်းတာကြောင့် ရုပ်ရှင်ဇာတ်ကားတွေအဖြစ် ပြန်လည်ရိုက်ကူး ပုံဖော်ခဲ့ကြပါတယ်။ “ကဝေပျိုရဲ့နိဒါန်း” ဆိုတဲ့ဗီဒီယိုဇာတ်ကားဟာ ပရိသတ်တွေကြား အတော်လေးနာမည်ကြီးခဲ့ပြီး နောက်ပိုင်းကဝေပျိုရဲ့ ပစ္စုပ္ပန်အစရှိတဲ့နောက်ဆက်တွဲ ဇာတ်လမ်းတွေအထိ အောင်မြင်ခဲ့ပါတယ်။

အကြည်တော်ရဲ့ ” ဇော်ကကနေသည်”ရုပ်ရှင်ဇာတ်ကား ကြီးဟာလဲ အကယ်ဒမီဆုကြီး တန်းဝင်ခဲ့တဲ့အထိ လူကြိုက်များခဲ့ပါတယ်။ အကြည်တော်ဟာ အခုချိန်ထိ အိမ်ထောင်မပြုသေးဘဲ လူပျိုကြီးအဖြစ်နေထိုင်နေပြီး လူ့မှုကွန်ယက်ပေါ်ကနေ ဟာသစာပေလေးတွေ ရေးသားနေတာကြောင့် ပရိသတ်တွေအမောပြေကြရပါတယ်။ ဒီကနေ့မှာတော့ စာရေးဆရာအကြည်တော်ရဲ့ ကျ န်းမာရေးအခြေအနေသတင်းကြောင့် အနုပညာရှင်တွေနဲ့ ချစ်တဲ့ပရိသတ်တွေ စိတ်မကောင်းဖြစ်နေကြရပါတယ်။

အကြည်တော် ကတော့ ပင်လုံဆေးရုံကြီးဆေးကု သမှုခံယူနေရပြီး သတိလစ်နေတာ(၃)ရက်လောက် ရှိပြီလို့ မိသားစုဝင်တွေမှတဆင့်သိရပါတယ်။ ဆရာဟာ လည်ချောင်း၊လည်ပြွန်နှင့်ပတ်သက်တဲ့ ကင် ဆာဝေဒနာခံစားနေရပြီးကို ထိုင်းမှာသွားရောက် ကုသနေခဲ့ပြီး ကင်ဆာဆေးသွင်းဖို့အတွက် မြန်မာနိုင်ငံကိုပြန်လာခဲ့တာပါ။ အဲ့အချိန်မှာ ရုတ်တရုတ်အသက်ရှုမဝဘဲ (၁၀)မိနစ် နှလုံးခဏရပ်တန့်သွားခဲ့တာကြောင့် ပင်လုံဆေးရုံကြီးကို ချက်ချင်းပို့ဆောင်ခဲ့ပါတယ်။

အကြည်တော် ကိုဗစ်ရောဂါကို နှစ်ကြိမ်မြောက်ခံစားခဲ့ရပြီး နောက်ဆက်တွဲအနေနဲ့ လည်ချောင်းကင်ဆာဝေဒနာကို ခံစားနေရတာဖြစ်ပါတယ်။ သတိမရတာ ၃ ရက်နီးပါးရှိပြီဖြစ်ပြီး ကိုမာလက္ခဏာလိုမျိုး အသံတော့ကြားနေရပြီး သတိကတော့လစ်နေဆဲပဲ ဖြစ်ပါတယ်။ယနေ့မှာတော့ စာရေးဆရာအကြည်တော် ကျန်းမာရေးအခြေအနေတိုးတက်လာကြောင်း အကိုဖြစ်သူ အသိပေးပြောကြားလာခဲ့ပါတယ်။

ဆရာကြည့်အတွက် စိုးရိမ်ပူပန်နေတဲ့ မိသားစုဝင်တွေနဲ့ ပရိသတ်တွေအပေါ် စာနာစိတ်ကင်းမဲ့စွာ ဖန်တီးရေးသားနေကြတဲ့သတင်းမှားတွေထွက်ပေါ်လာခြင်းအပေါ် မယုံကြည်ကြဖို့ စာရေးဆရာအကြည်တော်ရဲ့အကိုဖြစ်သူက အခုလို အသိပေးရေးသားထားတာပါ။ “ကျနော့ညီ အကြည်တော်ရဲ့ ရောဂါအခြေအနေက တိုးတက်မှု ရှိနေပါတယ် ( ဒီနေ့ရဲ့ အခြေအနေအရ ) တခုခု ထူးခြားမှုရှိယင် ချက်ခြင်း အကြောင်းကြားပေးပါ့မယ်

မိသားစုဝင် မဟုတ်တဲ့ သူများရဲ့ အမနာပ ကောလဟာလ သတင်း အတုတွေကို အတည်မယူကြပါနဲ့ မယုံကြပါနဲ့ ဟုတ်ကဲ့ ချစ်ခြင်း မေတ္တာများအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်” ဆိုပြီးရေးသားထားပါတယ်။ ပရိသတ်ကြီးရေ ချစ်တဲ့အနုပညာရှင်တစ်ဦးဖြစ်တဲ့ စာရေးဆရာအကြည်တော် အမြန်ဆုံးပြန်လည် သတိရပြီး နေကောင်းကျန်းမာပါစေလို့ ဆုတောင်း ပေးခဲ့ပါအုန်းနော်။

Be the first to comment

Leave a comment

Your email address will not be published.


*