အဆင့်အတန်းရှိတဲ့ အမျိုးသမီးဖြစ်ဖို့ လိုက်နာသင့်တဲ့ အချက်(၅)ချက်

အဆင့်အတန်းရှိတဲ့ အမျိုးသမီးဖြစ်ဖို့ လိုက်နာသင့်တဲ့ အချက်(၅)ချက်

အဆင့်အတန်းရှိတဲ့ သူတစ်ယောက်မှန်း သိရှိနိုင်မယ့်အချက်ကတော့ လူအများရှေ့မှာ ဘယ်လိုပြုမူနေထိုင်သလဲ ဆိုတာပါ။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားပြီး လူကြားသူကြားထဲမှာ ပစ်စလက်ခက် မနေတဲ့သူတွေဖြစ်ပါတယ်။ သင့်ကို ရောက်လေရာတိုင်းမှာ လူတွေက အဆင့်အတန်းရှိတဲ့ အမျိုးသမီး တစ်ယောက်လို့ မြင်စေချင်ရင် ဒီအချက်တွေကို လိုက်နာပေးရမှာဖြစ်ပါတယ်။

(၁) မိတ်ကပ်နဲ့ဆံပင်=လူကြားသူကြားထဲမှာ ခေါင်းဖီးတာတွေ-မိတ်ကပ်ဖို့တာတွေက ရှောင်ရှားသင့်တဲ့ အလေ့အကျင့်တွေဖြစ်ပါတယ်။ တကယ်လို့ ပြင်ဆင်ချင်တယ်ဆိုရင်တောင် သန့်စင်ခန်းထဲမှာ ပြင်ဆင်တာ အကောင်းဆုံးဖြစ်ပါတယ်။

(၂)ကြိုတင်ဆက်သွယ်ပါ=တစ်ယောက်ယောက်ထံကို အလည်သွားတော့မယ်ဆိုရင် သူ့ကို ကြိုတင်ဆက်သွယ် အကြောင်းကြားထားပါ။နောက်ပြီး သင်မစားတဲ့ အစားအစာရှိရင်လည်း ကြိုပြီးပြောထားဖို့လိုပါတယ်။ချိန်းထားတဲ့အခါမှာလည်း အရမ်းစောပြီး မသွားပါနဲ့။စောစောသွားချင်ရင်တောင် ၁၅မိနစ်လောက် စောတာပဲကောင်းပါတယ်။သင့်ကို ထမင်းစားဖိတ်တယ်-လာလည်ဖို့ဖိတ်တယ်ဆိုရင် ပြန်ခါနီးမှာ ဖိတ်တဲ့အတွက် ကျေးဇူးတင်ကြောင်း မဖြစ်မနေပြောရပါမယ်။

(၃)ဖုန်းပြောရင်ဆင်ခြင်ပါ=လူကြားသူကြားထဲမှာ ဖုန်းအကြာကြီးပြောတာကတော့ မယဉ်ကျေးရာရောက်ပါတယ်။ ဟောပြောပွဲတွေ-အစည်းအဝေးတွေနဲ့ အရေးကြီးတဲ့အချိန်တွေမှာ ဖုန်းအသံကိုပိတ်ထားဖို့ မမေ့ပါနဲ့။ ထမင်းစားနေတဲ့အချိန်မှာ ဖုန်းကို စားပွဲပေါ်တင်တာလည်း ရှောင်ပါ။

(၄)အိတ်=စားသောက်နေတဲ့ အချိန်တွေမှာ သေးငယ်တဲ့အိတ်ဆိုရင်တော့ ကိစ္စမရှိပေမယ့် လက်ကိုင်အိတ်လိုမျိုး အိတ်တွေကိုတော့ ထမင်းစားစားပွဲပေါ် လုံးဝမတင်ပါနဲ့။ ထိုင်ခုံမှာချိတ်တာ ဒါမှမဟုတ် ပေါင်ပေါ်မှာပဲတင်ပါ။နောက်ပြီး ပစ္စည်းရှာတဲ့အခါမှာလည်း အိတ်ကိုခလောက်ပြီးရှာတာမျိုး မလုပ်ပါနဲ့။သင်မသိလိုက်ခင်မှာပဲ သင့်ကို အဆင့်အတန်းမရှိတဲ့အသွင် ပေါ်စေလို့ပါ။

(၅)သင်ဝတ်တဲ့အဝတ်အစားဟာ သင်သွားမယ့်နေရာ-သင်သွားမယ့် ပွဲနဲ့ကိုက်ညီနေရပါမယ်။အလုပ်မှာအလုပ်လို ဝတ်ရမှာဖြစ်ပြီး မင်္ဂလာဆောင်ပွဲတွေမှာ ကျက်သရေရှိရှိဝတ်ရမှာဖြစ်သလို အတိုအပြတ် ရင်ဟိုက်တွေကိုတော့ ပါတီသွားမှဝတ်တာအကောင်းဆုံးပါ။နေရာအလိုက် ဝတ်စားဆင်ယင်တတ်ခြင်းဟာလည်း အဆင့်အတန်းမြင့်တဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*