ဆောင်းဝတ်ရည်မေနဲ့ယှဉ်ပြီး ဝေဖန်မှုတွေခံနေရတဲ့ ပိုးကြာဖြူခင်

ဆောင်းဝတ်ရည်မေနဲ့ ယှဉ်ပြီး ဝေဖန်မှုတွေ ခံနေရတဲ့ ပိုးကြာဖြူခင်

ပရိတ်သတ်ကြီးတို့ရေ MRTV-4 ရုပ်သံလိုင်းကတော့ ပရိတ်သတ်တွေ ကြိုက်နှစ်သက်စေလောက်အောင် ကောင်းတဲ့ မြန်မာဇာတ်လမ်းတွဲတွေကို သရုပ်ဆောင်ကောင်းတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကူးတင်ဆက်နေတာပဲ ဖြစ်ပါတယ်။မင်းသားချော ကောင်းမြတ်စံနဲ့ မင်းသမီးချော ဆောင်းဝတ်ရည်မေတို့ပါဝင်တဲ့ “101 %ချစ်ခြင်း”ဆိုတဲ့ မြန်မာဇာတ်လမ်းတွဲလေးကတော့ ပြီးဆုံးသွားခဲ့ပါပြီ။

ယခုလက်ရှိ မင်းသားချော ရှင်မွေလနဲ့ မင်းသမီးချော ပိုးကြာဖြူခင်တို့ပါဝင်တဲ့ “ကွက်လပ်မရှိ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ထုတ်လွှင့် ပြသနေတာပဲ ဖြစ်ပါတယ်။ထိုဇာတ်လမ်းတွဲတွေရဲ့ မင်းသမီး နှစ်ယောက်နဲ့ ပတ်သတ်ပြီး”ရှေ့ဇာတ်ကားက မင်းသမီး သေးသေးလေးကြည့်ပြီး ခုမင်းသမီးပြောင်းလိုက်တော့ အမြင်မှာ

ပိုးက body ကြီးနေသလိုလို၊နှာခေါင်းက အဆမတန် ကြီးနေသလိုလို ခံစားမိတယ်”၊”ဝလွန်းတယ် ဝိတ်ချဖို့ လိုအပ်နေတယ် အဝတ်အစားကလဲ မလှဘူး ကြည့်လို့ သိပ်မလှဘူးဖြစ် အားပေးလျက်ပါ”ဆိုပြီးအစရှိတဲ့ သူမရဲ့bodyနဲ့ပတ်သတ်ပြီး ဝေဖန်မှုများစွာခံနေရတာပဲ ဖြစ်ပါတယ်။

ပိုးကြာဖြူခင်ကတော့ သူမရဲ့ bodyနဲ့ ပတ်သတ်ပြီး ဝေဖန်ခံရမှုတွေရှိနေပေမဲ့လည်း သရုပ်ဆောင် ကောင်းလွန်းတာကြောင့် အားပေးကြတဲ့ ပရိတ်သတ်များစွာ ရှိနေပါတယ်။ပရိသတ်ကြီးတို့ရေ ပိုးကြာဖြူခင်ရဲ့ “ကွက်လပ်မရှိ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို အားပေးလိုက်ကြပါအုံးနော်။

Be the first to comment

Leave a comment

Your email address will not be published.


*