ရင်သွေးလေးအတွက်ပါထည့်စဥ်းစားထားလို့ အသက်မကြီးခင် လက်ထပ်မယ်လို့ပြောပြလာတဲ့ မေမီကိုကို
သဘာဝကျကျနဲ့ သရုပ်ဆောင်ပီပြင်မှု့ကြောင့် သူမရဲ့ဇာတ်လမ်းတွဲတိုင်းက အောင်မြင်ခဲ့ပြီး အမာခံပရိသတ်တွေ ရရှိပိုင်ဆိုင်နေသူပဲ ဖြစ်ပါတယ်နော်။ယနေ့မှာတော့မေမီကိုကိုက ရင်သွေးလေးအတွက် ထည့်စဥ်းစားရင် အသက်(၃၅)နှစ်မတိုင်ခင်မှာ ချစ်သူဒေါက်တာလေးနဲ့ လက်ထပ်ဖို့ရှိကြောင်းကို ဖွင့်ဟလာခဲ့ပါတယ်နော်။သရုပ်ဆောင်မေမီကိုကိုက ပရိသတ်အရမ်းသိချင်နေတဲ့ သူမရဲ့မင်္ဂလာပွဲရက်ကို အခုလိုပဲပြောသွားခဲ့ပါတယ်။
“၂၀၂၃ထဲမှာတော့ အရာရာတိုင်းက မသေချာဘူးဆိုတော့ မပြောတတ်သေးဘူး။ဒါပေမယ့် မေမီဘက်က သေချာတာကတော့ မေမီက စဉ်းစားထားတာ အသက်၃၀ကနေ ၃၅အတွင်းမှာ အိမ်ထောင်ပြုမှရမယ်ဆိုတဲ့ အတွေးလေးတော့ရှိတယ်။
ဘာဖြစ်လို့လဲဆိုတော့ မျိုးဆက်ကလေးချန်ချင်တယ်ဆိုလို့ရှိရင် မေမီတို့ မိန်းလေးတွေက အသက်ကြီးလာလို့ရှိရင် အိမ်ထောင်ပြုတာ အရမ်းနောက်ကျသွားခဲ့ရင်လည်း ဒီကလေးနဲ့က အဆင်မပြေဘူး။
ကလေးကြီးလာရင်လည်း စောင့်ရှောက်ရဦးမယ် သူတို့၁၆နှစ်ဆိုရင် ကိုယ်က၅၀ကျော်နေပြီပေါ့ အရမ်းကြီး မစောင့်ရှောက်လိုက်ရမှာ စိတ်မချရမှာ ပူပင်သောကတွေလာမှာ မိဘဝဋ်တွေလည်ဦးမှာ လုပ်ပေးရဦးမှာဆိုတော့ အရမ်းနောက်မကျရင် ပိုကောင်းတာပေါ့နော်”ဆိုပြီးတော့ ပြောသွားခဲ့တာပဲဖြစ်ပါတယ်။
Be the first to comment