ပြင်ဦးလွင်ပန်းပွဲတော်မှာ သီဆိုဖျော်ဖြေနေတဲ့ ငယ်သူငယ်ချင်း J Meကို ခနဲ့လိုက်တဲ့ ကျားပေါက်

ပြင်ဦးလွင်ပန်းပွဲတော်မှာ သီဆိုဖျော်ဖြေနေတဲ့ ငယ်သူငယ်ချင်း J Meကို ခနဲ့လိုက်တဲ့ ကျားပေါက်

ပရိသတ်ကြီးရေ အဆိုတော် ကျားပေါက်ကတော့ လက်ရှိ မြန်မာ့နိုင်ငံအရေးမှာ သူတတ်နိုင်တဲ့အနုပညာအားနဲ့ ရန်ပုံငွေရှာဖွေပေးနေလျက်ရှိတဲ့အနုပညာရှင်တစ်ယောက်ပါပဲ။

အာဏာသိမ်းမှု အစကတည်းကယနေ့အချိန်ထိ မပြောင်းလဲတဲ့ ခံယူချက်၊ ရပ်တည်ချက်တွေနဲ့ရှိနေတဲ့ ကျားပေါက်ဟာ အနုပညာအလုပ်တွေကိုလည်း ပြန်မလုပ်ကိုင်သလို ရှိုးပွဲသီဆိုခြင်းလည်း လုံးဝမရှိတာကို တွေ့ရပါတယ်။

ဒီဇင်ဘာလ (၂၃)ရက်နေ့မှာတော့ ပြင်ဦးလွင်မြို့က ပန်းပွဲတော်မှာ နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ J Meနဲ့ ဝိုင်းစုခိုင်သိန်းတို့ဟာ သီချင်းဆို ဖျော်ဖြေပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

ကျားပေါက်ကတော့ သူ့ရဲ့ငယ်သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ အဆိုတော်J Meရဲ့ ဖြစ်စဉ်ကိုသိရတဲ့အခါမှာတော့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ “Awwwn .. How cute.”ဆိုပြီးတော့ ခနဲ့ပြီး ရေးသားခဲ့တာပဲဖြစ်ပါတယ်။

ကျားပေါက်နဲ့ J Meတို့ကတော့ အဖေတွေအချင်းချင်းကလည်း ရင်းနှီးကြပြီး သူတို့ကိုယ်တိုင်ကလည်း ဆယ်ကျော်သက်အရွယ်ကတည်းက ခင်မင်ခဲ့ကြပြီး ဂီတအနုပညာအလုပ်တွေလုပ်ကိုင်တဲ့အခါမှာလည်း အချင်းချင်းအထောက်အကူတွေ ပြုခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*