သက်လတ်ပိုင်းဆိုပေမယ့် သမီးလေးနဲ့ယှဉ်နိုင်တဲ့အထိကို လှနေဆဲဖြစ်တဲ့ အကယ်ဒမီ ခင်ဇာခြည်ကျော်

သက်လတ်ပိုင်းဆိုပေမယ့် သမီးလေးနဲ့ယှဉ်နိုင်တဲ့အထိကို လှနေဆဲဖြစ်တဲ့ အကယ်ဒမီ ခင်ဇာခြည်ကျော်

ပရိသတ်ကြီးတို့ရေ သရုပ်ဆောင် ခင်ဇာခြည်ကျော်ကတော့ ငယ်စဉ်ကတည်းက သူမရဲ့အလှအပကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ခင်ဇာခြည်ကျော်ဟာ အကယ်ဒမီဆုကြီးတစ်ဆုကိုလည်းဆွတ်ခူးနိုင်ခဲ့ပြီး လက်ရှိအချိန်ထိလည်းသူမရဲ့ အသက်အရွယ်နဲ့ လိုက်ဖက်မှုရှိတဲ့ ကာရိုက်တာတွေမှာ သရုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။

ဒါ့အတူ ခင်ဇာခြည်ကျော်ဟာ စီးပွားရေးအလုပ်တွေကိုလည်း တိုးချဲ့လုပ်ကိုင်နေလျက်ရှိကာ သားနဲ့သမီးအတွက် အလုပ်တွေကြိုးစားနေတာပဲ ဖြစ်ပါတယ်။ဒီကနေ့မှာတော့ ခင်ဇာခြည်ကျော်က သူမရဲ့ သမီးလေး ထင်သစ္စာနဲ့အတူတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ပရိတ်သတ်တွေဆီ ပြသလာပါတယ်။

ခင်ဇာခြည်ကျော်ဟာ လက်ရှိအသက်(၄၆)နှစ်အရွယ်ဆိုပေမယ့် သူမရဲ့(၁၈)နှစ်အရွယ် သမီးထင်သစ္စာနဲ့ ယှဉ်နိုင်တဲ့အထိကို လှပနုပျိုနေဆဲ ဖြစ်တာကို အခုလိုပဲ တွေ့ရပါတယ်။

ခင်ဇာခြည်ကျော်ကတော့ အသက်ငါးဆယ်နီးပါးအရွယ် သက်လတ်ပိုင်း အမျိုးသမီးဆိုပေမယ့် ငယ်ရွယ်သူတွေနဲ့ ယှဉ်နိုင်တဲ့အထိကို လှပနေဆဲပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးလည်း ခင်ဇာခြည်ကျော်နဲ့ ထင်သစ္စာတို့ သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်မိပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*