တောထဲမှာနေရင်း ကျတော်ရဲ့အနာဂတ်လေးတွေကို စာသင်ပေးနေတယ်ဆိုတဲ့ မင်းသား ဟိန်းထက်

တောထဲမှာနေရင်း ကျတော်ရဲ့အနာဂတ်လေးတွေကို စာသင်ပေးနေတယ်ဆိုတဲ့ မင်းသား ဟိန်းထက်

စာဖတ်ပရိသတ်ကြီးရေ MRTV-4 ဇာတ်လမ်းတွဲတွေမှတစ်ဆင့် အနုပညာလမ်းကြောင်းပေါ်ကို အောင်မြင်မှုတွေနဲ့ရောက်ရှိခဲ့ပြီး နာမည်ကြီး လူသိများလာခဲ့တဲ့ မင်းသား ဟိန်းထက်ကိုတော့ ရိတ်သတ်တွေ အားလုံးပဲသိကြလိမ့်မယ်ထင်ပါတယ်။ ဟိန်းထက်ကတော့ ချိုသာတဲ့အပြုံးလေးကို ပိုင်ဆိုင်ထားတဲ့ ပျိုပျိုမေတို့ အရမ်းချစ်ရတဲ့ မင်းသားချောလေးတစ်လက်ဖြစ်ပါတယ်။ပွင့်လင်းချိုသာတဲ့ မျက်နှာလေးကြောင့် ပရိသတ်များစွာရရှိခဲ့တဲ့အပြင် သရုပ်ဆောင်တဲ့နေရာမှာလဲ အရမ်းကိုတော်လွန်းတာကြောင့် ပရိသတ်များစွာ ရရှိခဲ့တာလဲ ဖြစ်ပါတယ်။

မင်းသား ဟိန်းထက်ဟာ အမှန်တရားကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်ပြီး အဓမ္မကို ဓမ္မနဲ့တွန်းလှန်နေသူ တစ်ဦးဖြစ်တာကြောင့်လဲ ပရိသတ်တွေရဲ့ ပိုမိုလေးစားချစ်ခင်ခြင်းကိုလဲ ခံရပါတယ်။အနုပညာလုပ်ငန်းတွေကိုမလုပ်ကိုင်တော့တဲ့အပြင် အနုပညာနာမည်ကိုပါ‌ ပြောင်းလဲလိုက်ပါတဲ့အကြောင်းကို ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ ဒါ့အပြင် သူ့ကို ကိုမင်းလို့ တရင်းတနှီး ​ခေါ်နိုင်တဲ့အကြောင်းကိုလဲ ချစ်ရတဲ့ပရိသတ်တွေကို ထပ်မံအသိပေးထားပါသေးတယ်။

ဟိန်းထက်ကတော့ လွတ်မြောက်နယ်မြေကို ရောက်ရှိသွားတဲ့အကြောင်းကို ဘယ်သူကိုမှအသိမပေးပဲ နောက်ပိုင်းမှထုတ်ဖော်ပြောပြခဲ့တာပါ။ဒါကြောင့်လဲ အားပေးတဲ့ပရိသတ်တွေက ပိုမိုချစ်ခင်လေးစားကြရပြန်ပါတယ်။ လက်ရှိမှာတော့ လွတ်မြောက်နယ်မြေမှာ ပညာရေးနဲ့ပတ်သက်တဲ့ တာဝန်တွေကိုယူထားပါတယ်။ကလေးတွေကို စာသင်ပေးနေရင်း နားတဲ့အချိန်မှာ ပြုံးပျော်နေတဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေကြည့်ရအောင် တင်ပေးလိုက်ပါတယ်။

” ကျ​နော်တို့ရဲ့ အနာဂတ်​လေး​တွေနဲ့……🤍Btw စားကြပါအုန်း😁” လို့ ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားထားတာကို တွေ့ရပါတယ်။ သရုပ်ဆောင်မင်းသား ဟိန်းထက်ရဲ့ပုံလေးတွေကြည့်ရင်း ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ဖတ်ရှု့ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*