ပြောင်းဖူးရှိယုံနဲ့ ကျောက်ကပ်ရောဂါ ပျောက်နည်း

ပြောင်းဖူးရှိယုံနဲ့ ကျောက်ကပ်ရောဂါ ပျောက်နည်း

ကျောက်ကပ်သည် လူခန္ဓာကိုယ် အစိတ်အပိုင်းတွင်လူအများသိကြသည့်အတိုင်း အလွန်အရေးကြီးပြီး မရှိမဖြစ်လိုအပ်သော အညစ်အကြေးစွန့်ထုတ်သည့် အစိတ်အပိုင်းဖြစ်ပါသည်။ကျောက်ကပ်သည် များသောအားဖြင့် ရောဂါအခံတစ်ခုခုကြောင့် ပျက်စီးတာများသဖြင့် ကျောက်ကပ်ပျက်စီးစေသော ရောဂါများရှိသည့်အခါတွင် မိမိကျောက်ကပ်အား သာမန်အချိန်ထက်ပိုပြီး ဂရုစိုက်သင့်ပါသည်။

သို့မှသာ ကျောက်ကပ်ပျက်စီးခြင်းအား ကာကွယ်နိုင်မည်ဖြစ်ပါသည်။ကျန်းမာရေးအတွက် သောက်သုံးသင့်တဲ့ ပြောင်းဖူးမွေးရေနွေးကြမ်းကို ဘယ်လိုလုပ်မလဲ။ဘာ့ကြောင့်သောက်သုံးသင့်သလဲ။

ပြောင်းဖူးမွေးဟာ ဆီးချိုကျစေသလို သွေးခဲတာကိုလည်းသက်သာစေပြီး ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ အများအပြားရှိနေပါတယ်။ဒါ့ကြောင့် ပြောင်းဖူးပေါ်ချိန်မှာ ပြောင်းဖူးမွေးရေနွေးကြမ်းကို ပြုလုပ်သောက်သုံးသင့်ပါတယ်။ပြောင်းဖူးမွေးမှာ ပိုတက်ဆီယမ်ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ဒါ့ကြောင့် ဆီးသွားတဲ့စနစ်ကိုကောင်းမွန်စေပြီး ဆီးကျောက်တည်တာကို ကာကွယ်ပေးနိုင်ပါတယ်။

ရေနွေးဘယ်လိုလုပ်ရမလဲ နေပူတိုက်ရိုက် မခံဘဲ နေရိပ်ထဲမှာ ဖြန့်လှမ်းအခြောက်ခံခြင်း ဖြစ်သည်။ပြောင်းဖူးမွေးထဲက မည်းနေတဲ့ အမွေးတွေကို ဖယ်လိုက်ပါ။ပြီးရင်အခွံနွာပြီး အထဲကနုတဲ့ အမွေးကိုပဲယူပါ။ပြီးရင် ရေဆေးပြီး သဘက်တစ်ခုခု ပုဝါတစ်ခုခုပေါ်တင်လိုက်ပါ။စာရွက်သတင်းစာ တစ်ခုခုကို အသုံးပြုလို့လည်း ရပါတယ်။ပြီးရင်အခြောက်ခံပါ။ တစ်ပတ် (သို့) (၂)ပတ်လောက် ကြာနိုင်ပါတယ်။

ပြီးရင် အညိုရောင်လေး ဖြစ်လာပါလိမ့်မယ်။အဲဒီအမွေးကို ခွက်တစ်လုံးထဲထည့်လိုက်ပြီး ရေနွေးထည့်ပါ။ပြီးရင်တစ်ခေါက်လောက် ရေသွန်လိုက်ပြီး နောက်ထပ် ခွက်တစ်လုံးထဲကိုထည့်ကာ ရေနွေးလောင်းထည့်ပါ။

ပြီးရင် သကြားလက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ထည့်ပေးပါ (သို့) ပျားရည်ကို အသုံးပြုလည်းရပါတယ်။ပြီးရင် သံပုယိုသီးခွံ (သို့) ပူစီနံရွက်အနည်းငယ်ထည့်ပါ။ပြီးရင်(၂)မိနစ်လောက်ထားပြီး ပြောင်းဖူးမွေးကို ဆယ်ပြီးသောက်နိုင်သလို မဆယ်ဘဲနဲ့ ဒီအတိုင်းလည်း သောက်နိုင်ပါတယ်။credit …မြန်မာတိုင်းရင်းဆေး

Be the first to comment

Leave a comment

Your email address will not be published.


*