သူငယ်ချင်းရဲ့မွေးနေ့ပွဲမှာ ရေလေးတစ်ဗူးပဲသောက်ပြီး ပြန်လာခဲ့ရတဲ့သနားစရာ သရုပ်ဆောင် သွန်းဆက်

သူငယ်ချင်းရဲ့မွေးနေ့ပွဲမှာ ရေလေးတစ်ဗူးပဲသောက်ပြီး ပြန်လာခဲ့ရတဲ့သနားစရာ သရုပ်ဆောင် သွန်းဆက်

ပရိသတ်ကြီးတို့ရေ သရုပ်ဆောင် သွန်းဆက်ဟာဆိုရင် အမိုက်စား သရုပ်ဆောင်ကွက်တွေနဲ့အတူ ကျရာဇာတ်ရုပ်မှာပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့လို့ အနုပညာလောကမှာနာမည်တစ်လုံးကိုတည်ဆောက်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်နော်။

ဒီကနေ့မှာတော့ သွန်းဆက်က သူမရဲ့ပွဲတက် ပုံရိပ်လေးတွေကို မျှဝေခဲ့ပြီး အလှအပကို အရမ်း ထိန်းသိမ်းခဲ့တဲ့ သူမရဲ့အဖြစ်ကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

သွန်းဆက်က “ဒါကတော့ သူငယ်ချင်းမင်္ဂလာဆွမ်းကျွေးသွားပြီး Diet Plan ပျက်မှာဆိုးလို့ အရမ်းကြိုက်တဲ့ ထောပတ်ထမင်းမစားပဲ … “ ရေသောက်နေတာ အမှတ်တရ “မို့ သူငယ်ချင်းက မှတ်တမ်းတင်ပေးထားသောပုံ အဆင့်ဆင့် 😂🤪🤭” ဆိုပြီး သူမရဲ့ဖြစ်ပုံလေးကို မျှဝေပေးလာခဲ့ပါတယ်။

သွန်းဆက်ကတော့ အရင်ကပြည့်ပြည့်လေးနဲ့ ချစ်စရာကောင်းတယ်ဆိုပေမယ့် အခုလို ကိုယ်ရည်စစ်သွားတဲ့အချိန်မှာလည်း အများကြီးချောလာခဲ့တာကို တွေ့ရပါတယ်။ပရိသတ်ကြီးတို့လည်း သွန်းဆက်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျနှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*