အုံးလွဲခြင်း (သို့မဟုတ်) အိပ်ယာထ ဇာတ်လှည့်မရခြင်းဖြစ်ခဲ့ရင် အမြန်ဆုံးသက်သာစေနိုင်တဲ့နည်းလမ်း

အုံးလွဲခြင်း (သို့မဟုတ်) အိပ်ယာထ ဇာတ်လှည့်မရခြင်းဖြစ်ခဲ့ရင် အမြန်ဆုံးသက်သာစေနိုင်တဲ့နည်းလမ်း

အုံးလွဲရင် (Stiffness of Neck) ဦးခေါင်းကို လှည့်ရတာခက်ခဲပြီး အလွန်နာကျင်တဲ့ဝေဒနာကိုခံစားရတတ်ပါတယ်။ကွန်ပျူတာကြည့်သူတွေ ၊ ဖုန်းကိုအချိန်အများဆုံးငုံ့ကြည့်သူတွေ၊ ဇက်အားစိုက် ၊လက်အားစိုက်သူတွေဟာ အများဆုံး အုံးလွဲတဲ့အခြေအနေကို ခံစားနေကြရပါတယ်။ဇက်ရိုးကျီးပေါင်းဝေဒနာရှင်တွေဟာလည်း အုံးလွဲသလို ဇက်ခိုင် တာမျိုးတွေရှိပါတယ်။

ဇက်အားစိုက်၊လက်အားစိုက်ရသူတွေ ၊ဦးခေါင်းကိုငုံ့ပြီး အလုပ်လုပ်ရသူတွေအတွက် ကုတ်အဆစ်ပတ်ဝန်းကျင်က ကြွက်သားတွေက ပင်ပန်းညောင်းညာ လာတဲ့အပြင် အလွန်အမင်းဆွဲဆန့်ခံရပါတယ်။အလေးအပင်ထမ်းရွက်ခြင်း၊ ဇက်ချိုးခြင်း၊ခေါင်းအုံးမြင့်မြင့်အုံးခြင်း ၊အိပ်တဲ့အခါ ဇက်လိမ်ပြီးအိပ်မိခြင်း၊ စနစ်မကျတဲ့နှိပ်နင်းမှုတွေ၊ အာရုံစိုက်ရတဲ့အလုပ်တွေကို နေ့စဉ်လုပ်ခြင်း စတဲ့ မှားယွင်းတဲ့ အပြုအမှုတွေလုပ်ရင်လည်း အုံးလွဲခြင်း (သို့မဟုတ်) ဇက်လှည့်မရခြင်းဖြစ်တတ်ပါတယ်။

လူတော်တော်များများ အုံးလွဲတတ်ကြပါတယ်။အုံးလွဲလျှင် ဦးခေါင်းကို လှည့်မရတော့ပဲ အလွန်နာကျင်တဲ့ဝေဒနာကို ခံစားရတတ်ပါတယ်။ဒီအခါမှာ ဆေးသောက်ဆေးထိုး ဒဏ်ကျေဆေးမျိုးစုံလိမ်းပြီး နှိပ်နယ်တတ်ကြပေမဲ့ ဝေဒနာကား မသက်သာ။နာကျင်နေတဲ့ ကြွက်သားများကို နှိပ်နယ်ခြင်းကြောင့် နာကျင်တဲ့ဒဏ်ကို ပို၍ပင် ခံစားရတတ်ပါတယ်။ဒီလိုဖြစ်ရင် ဦးခေါင်းရဲ့ ပထဝီကြော ခြေထောက်ကို သတိရလိုက်ပါ။

ခြေဖဝါးစောင်းကို ဦးစွာနှိပ်ပါ။ပြီးတော့ ခြေခလယ်ကိုနှိပ်ပါ။ပြီးရင် ခြေသူကြွယ်ကိုနှိပ်ပါ။မပြင်းထန်ရင် တစ်ကြိမ်နှိပ်ရုံနဲ့ ပျောက်ပြီး။ပြင်းထန်ရင် နာရီဝက်ခြားတစ်ကြိမ် နှိပ်ပေးပါ။အများဆုံး ၃/၄ ကြိမ် နှိပ်ရုံဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။ယခုတင်ပြချက်မှာ စာတွေ့မဟုတ် လက်တွေ့ဖြစ်ပါတယ်။ရောဂါကင်းလျက် လိုရာခရီး လျှောက်လှမ်းနိုင်ကြပါစေ။

Be the first to comment

Leave a comment

Your email address will not be published.


*