“ဝိပါက”မှာ တေဇာဆိုပြီး အောင်မြင်မှုရရှိအောင် မွေးထုတ်ပေးတဲ့ လက်ဦးဆရာတွေကို ခြေဆုံဦးခိုက် ကန်တော့ခဲ့တယ်ဆိုတဲ့ သုတအောင်

“ဝိပါက”မှာ တေဇာဆိုပြီး အောင်မြင်မှုရရှိအောင် မွေးထုတ်ပေးတဲ့ လက်ဦးဆရာတွေကို ခြေဆုံဦးခိုက် ကန်တော့ခဲ့တယ်ဆိုတဲ့သုတအောင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မင်းသားချော သုတအောင်ကတော့ ရွာလေးတစ်ရွာကနေလာပြီး သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့သူတစ်ယောက်ပါ။ သုတအောင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားချောတစ်လက်ပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း သုတအောင်ပါဝင်ခဲ့တဲ့ ဝိပါကက ဇာတ်လမ်းတွဲက MRTV- 4 မှာ ထုတ်လွှင့်ပြသနေခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲလေးကတော့ ပရိသတ်တွေကြားမှာတော်တော်လေးကို ရေပန်းစားအောင်မြင်နေတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်နေခဲ့ပြီး တေဇာရယ်လို့လည်း သုတအောင်ကို ပရိသတ်တွေက ပိုမိုရရှိစေခဲ့ပါသေးတယ်။ယခင်က ဇာတ်ပို့ဇာတ်ရံအဖြစ်ပဲ နေရာရခဲ့တဲ့ သုတအောင်ဟာ အခုဆိုရင် “ဝိပါက” ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်နိုင်ခဲ့ပြီး အောင်မြင်မှုရရှိနေတာပဲ ဖြစ်ပါတယ်။

“ဝိပါက” ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုရရှိပြီးတဲ့နောက် မိဘနှစ်ပါးကိုကန်တော့နိုင်ခဲ့တဲ့ သုတအောင်ဟာ ဒီကနေ့မှာတော့ သူ့ရဲ့ဆရာတွေကို ကန်တော့ခဲ့တယ်လို့ ပြောလာပါတယ်။ သုတအောင်က “ကျွန်တော့်ဘဝရဲ့ အဖေနဲ့အမေအပြင် လက်ချိုးမရေတွက်နိုင်သော ကျေးဇူးရှင်များထဲမှ ဝိပါကဇာတ်လမ်းတွဲမှာ တေဇာရယ်လို့မွေးထုတ်ပေးခဲ့သော ကျေးဇူးရှင်များအား သွားရောက်ကန်တော့ခဲ့ပါတယ်ခင်ဗျာ

နောက်ပီး MRTV-4မှ ကျွန်တော့်ကျေးဇူးရှင် ဆရာတို့မိသားစုအားအခြေနေအရ ခြေဆုံဦးမခိုက်နိုင်ပေမယ့် အဝေးမှသားကန်တော့်လိုက်ပါတယ်ဗျ…..🙏🙏🙏” ဆိုပြီး သူ့ရဲ့ ပီတိလေးကို မျှဝေလာပါတယ်။သုတအောင်ကတော့ “ဝိပါက” ဇာတ်လမ်းတွဲရဲ့ ပရိုဂျူဆာ ဦးသီ၊ ဒါရိုက်တာ ဟိန်းစိုး၊ သရုပ်ဆောင် ထူးခန့်ကျော်တို့အပါအဝင် သူ့ရဲ့ဆရာသမားတွေကို ကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။ လူကြီးမိဘဆရာသမားကို သိတတ်တဲ့ သုတအောင်တစ်ယောက် ဒီထက်မက အောင်မြင်မှုတွေရရှိပိုင်ဆိုင်နိုင်ပါစေနော်။

Be the first to comment

Leave a comment

Your email address will not be published.


*