လူမဆန်တဲ့လူရဲ့လုပ်ရပ်ကြောင့် ပန်းတနော်က (၉)တန်းကျောင်းသူလေးရဲ့ကလေးငယ်ကို သွားရောက်ခေါ်ယူမွေးစားခဲ့တဲ့ ခိုင်နှင်းဝေ

လူမဆန်တဲ့လူရဲ့လုပ်ရပ်ကြောင့် ပန်းတနော်က (၉)တန်းကျောင်းသူလေးရဲ့ကလေးငယ်ကို သွားရောက်ခေါ်ယူမွေးစားခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးတို့ရေ ယခုအခါမှာတော့ မေတ္တာရှင်မလေး ခိုင်နှင်းဝေက ပန်းတနော်မြို့မှ (၉)တန်းကျောင်းသူလေးရဲ့ ခလေးငယ်လေးကို သွားရောက်ခေါ်ယူမွေးစားခဲ့တဲ့အကြောင်းကို စိတ်မကောင်းစွာနဲ့ပဲ တင်ဆက်ပေးလိုက်ရပါတယ်။

ဧရာဝတီတိုင်း၊ပန်းတနော်မြို့နယ်ထဲက ဝေးလံခေါင်ဖျားတဲ့ ဆင်လမ်းအုပ်စု ကျေးရွာလေးတစ်ခုမှာ အသက်(၁၅)နှစ်အရွယ် အသက်မပြည့်သေးတဲ့ ကိုးတန်းကျောင်းသူလေး တစ်ဦးကို အလိုမတူပဲ လူမဆန်စွာ ကျင့်ကြံခဲ့တာမို့ ရရှိလာတဲ့ ရင်သွေးလေးကို မိဘအသိုင်းအဝန်းက မလိုချင်တဲ့အတွက် အခုလို သွားရောက်ခေါ်ယူစောင့်ရှောက်ခဲ့တာပါ။

သူမဟာ သမီးငယ်လေး မွေးဖွားခဲ့ပေမဲ့ နာကြည်းချက်များစွာနဲ့ မမွေးလိုတဲ့အတွက် မေမေခိုင်နှင်းဝေဟာ ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ (၅)ရက်သားသမီးလေးကို ခက်ခက်ခဲခဲသွားရောက် ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။

“လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ကလေးတစ်ယောက် မိဘမဲ့ဖြစ်ရပြန်ပြီပေါ့၊သူ့အမေကြည့်တော့လည်း အသက်(၁၅)နှစ်ကျော်ပဲမို့ ကလေးတစ်ယောက်အရွယ်ပဲ ရှိသေးတယ်၊ ကိုယ့်သမီးအရွယ်လေးပါပဲ သူ့ခမျာလည်း တကယ်တမ်းကျ ဒီလိုခံစားခဲ့ရတာကြောင့် အမုန်းတရားတွေ ဝမ်းနည်းတာတွေလည်းရှိမယ်၊

တစ်ဘက်ကို အရမ်းဒေါသဖြစ်ပြီး မြိုသိပ်ထားရတာလည်းရှိတယ်။အခုလာခေါ်တော့ သူ့အတွက်ကို စိတ်မကောင်းဘူးပြောနေရင် သူစိတ်ပိုထိခိုက်ရမှာပါ “..ဆိုပြီးတော့ အခုလို သွားရောက်ခေါ်ယူ စောင့်ရှောက်ခဲ့တာနဲ့ ပတ်သက်ပြီး ခိုင်နှင်းဝေက ပြောပြလာခဲ့တာပါ။

“အသက်မပြည့်သေးတဲ့ (၉)တန်းကျောင်းသူကို တစ်ရွာလုံးက လူရိုးလူဖြောင့်လို့ သတ်မှတ်ထားပြီးကလေးမလေးရဲ့အိမ်ကိုလည်း ဝင်ထွက်သွားလာနေတဲ့လူ တစ်ခါတရံမှ သောက်စားတတ်တယ်၊ကလေးမလေးဆို သူ့လက်ပေါ်မှာပဲ ကြီးလာတာပါ ဒီလိုလူက ဒီလိုဖြစ်ရပ်မျိုး ကျူးလွန်လိမ့်မယ်လို့ မထင်ထားဘူး”လို့ ပန်းတနော်မြို့နယ်မှ မဿမံရွာသူ/ရွာသားများက ပြောကြားလာခဲ့တာပါ။

Be the first to comment

Leave a comment

Your email address will not be published.


*