ဂျက်ဂျက်လေးရဲ့ စကားတစ်ခွန်းကြောင့် သားနဲ့သမီးကို ပျော်ရွှင်အောင် ဖန်တီးပေးခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

ဂျက်ဂျက်လေးရဲ့ စကားတစ်ခွန်းကြောင့် သားနဲ့သမီးကို ပျော်ရွှင်အောင် ဖန်တီးပေးခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင်၊ အဆိုတော် နန်းမြတ်ဖြိုးထွန်းကတော့ သူမနဲ့ရော သူမခင်ပွန်းနဲ့ရောတူတဲ့ ချစ်စရာ သားနဲ့သမီးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ကလေးနှစ်ယောက်အမေဆိုပေမယ့် အပျိုတုန်းကလိုပဲ နုပျိုလှပနေဆဲဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းဟာ အနုပညာအလုပ်တွေကိုလည်း အများကြီးလုပ်ကိုင်နေရပြီး ပရိသတ်အားပေးမှုကိုလည်း ရရှိနေဆဲ ဖြစ်ပါတယ်။

အလုပ်တွေလည်းလုပ်သလို သားနဲ့သမီးကိုလည်း အချိန်ပေးဖြစ်နေတဲ့ နန်းမြတ်ဖြိုးသင်းဟာ ဒီကနေ့မှာလည်း သူမရဲ့ သားနဲ့သမီးကို ရေကူးကန်လိုက်ပို့ပေးဖြစ်ခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။နန်းမြတ်ဖြိုးသင်းက “Jack&Jue Fun Time ရေကူးချင်တယ်ပူဆာတာ၆လလောက်ရှိပြီ။ခုမှပို့ဖြစ်တယ် 😁 ဂျက်စကီးကပြောသေးတာ “ဖေဖေဆိုဂျက်ဂျက်ကိုခနခနပို့တာ”တဲ့။

အဲ့ကလေးလေးကလုံးဝမမေ့ဘူး.. အံ့သြလို့ .. ဘတ်ဂျက်မေမေကတော့ခနခနမပို့နိုင်ပါဘူးလေ။အခုလိုသူတို့လေးတွေပျော်တော့လဲပိုက်ဆံကုန်ရကျိုးနပ်ပါတယ် ☺️” ဆိုပြီး သားနဲ့သမီးရဲ့ ပျော်ရွှင်နေတဲ့ ပုံလေးတွေကို မျှဝေပေးလာခဲ့ပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ “ဖေဖေဆိုရေကူးကန်ခဏခဏပို့ပေးတယ်” ဆိုတဲ့ ဂျက်ဂျက်လေးရဲ့ စကားတစ်ခွန်းကြောင့် သားနဲ့သမီးကို ရေကူးကန်လိုက်ပို့ပေးပြီး ပျော်ရွှင်စရာအချိန်တွေ ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ နန်းမြတ်ဖြိုးသင်းတို့ သားအမိတွေရဲ့ ပုံရိပ်တွေကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*