ဖုန်း Operator တစ်ခုခုမှာ အလုပ်ပြောင်းလုပ်တော့မယ်လို့ဆိုလာတဲ့“ကွက်လပ်မရှိ” ဇာတ်လမ်းတွဲမှ ဝိုင်းရွှေရည်

ဖုန်း Operator တစ်ခုခုမှာ အလုပ်ပြောင်းလုပ်တော့မယ်လို့ဆိုလာတဲ့“ကွက်လပ်မရှိ” ဇာတ်လမ်းတွဲမှ ဝိုင်းရွှေရည်

သရုပ်ဆောင် ဝိုင်းရွှေရည်ဟာဆိုရင် ဇာတ်လမ်းတွဲပေါင်းများစွာမှာ သရုပ်ဆောင်ခဲ့ပေမယ့် “ပျားရည်အိုင်” ဇာတ်လမ်းတွဲထဲက ‘စိမ်း’ဆိုတဲ့ ကာရိုက်တာနဲ့ ပိုပြီးလူသိများတာပဲ ဖြစ်ပါတယ်။

ဝိုင်းရွှေရည်ဟာ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်အပေါ် အကောင်းဆုံးနဲ့ အပိုင်နိုင်ဆုံးသရုပ်ဆောင်နိုင်တာကြောင့် ဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်နေရတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း “ကွက်လပ်မရှိ” ဇာတ်လမ်းတွဲမှာ ‘တင်နွယ်လတ်’ ဆိုတဲ့ မိန်းကလေးအဖြစ် သရုပ်ဆောင်ထားတဲ့ ဝိုင်းရွှေရည်ဟာ ဇာတ်လမ်းတွဲထဲမှာ ဖုန်းပဲပြောနေရတဲ့ သူမရဲ့အကြောင်းကို “အခြေ အနေ ပေးရင် ဖုန်း Operator တစ်ခုခုမှာ အလုပ်လုပ်တော့မည့် တင်နွယ်လတ် အဖြစ် 🤭😂” ဆိုပြီး အရွှန်းဖောက်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဝိုင်းရွှေရည်ကတော့ “ကွက်လပ်မရှိ” ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ကောင် မိုးမိုးအေးကို ဇာတ်ပို့ပေးရတဲ့ တင်နွယ်လတ်အဖြစ် အပိုင်နိုင်ဆုံး သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးတို့လည်း တင်နွယ်လတ်လေးကို ဆက်လက်ချစ်ခင်ပြီး အားပေးကြပါဦးနော်။

Be the first to comment

Leave a comment

Your email address will not be published.


*