အသက်သခင်ကျေးဇူးရှင်တွေကို သွားရောက်ကန်တော့ခဲ့တဲ့ အဆိုတော်မနော

အသက်သခင်ကျေးဇူးရှင်တွေကို သွားရောက်ကန်တော့ခဲ့တဲ့ အဆိုတော်မနော

ပရိသတ်ကြီးတို့ရေ မနောကတော့ အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။မြန်မာသံတေးသီချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ သိမ်းပိုက်ထားနိုင်ခဲ့တဲ့အထိ ထူးချွန်းတဲ့ သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်။

မနောကတော့ ဒီကနေ့မှာ ငယ်စဉ်က သူ့ရဲ့အသက်အန္တရာယ်ထိခိုက်သွားနိုင်တဲ့ အခြေအနေတွေကနေကနေ ကယ်တင်ပေးခဲ့ဖူးတဲ့ အသက်သခင် ကျေးဇူးရှင်တစ်ယောက်ကို သွားရောက်ကန်တော့ခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

“ကျွန်တော် နတ်ရေကန်ရွာမှာ နေတုန်းက တတိယတန်း ကျောင်းသားဘဝ အသက်ဆယ်နှစ်ခန့်ပေါ့ဗျာ။စာမေးပွဲဖြေသည့်ရက်မှာ တအားဖျားတယ်။အိမ်ကနေခြေလျင် လာဖြေရတာပေါ့။ကျနော့် အိမ်က ဘယ်သူမှ ကျောင်းလိုက်မပို့နိုင်ဘူး။စား၊ဝတ်၊နေရေးအတွက်တစ်နေ့လုပ် တစ်နေ့စားဘဝတွေအတွက်ကတော့ ဖျားတာနာတာဟာ သာမန်လိုဖြစ်နေတာပေါ့။

စာဖြေပြီးအပြန် လမ်းကိုမလျှောက်နိုင်တော့ဘူး အဲဒီအချိန် ယခုပုံထဲက ဒေါ်ကြီးရဲ့အိမ်ရှေ့ခုံလေးပေါ်မှာ နားရင်း အဖျားတက်ပြီး အိပ်ပျော်သွားတာလားကို မသိလိုက်ပါဘူး။ပြန်နိုးလို့ ကြည့်လိုက်မှာ ဒေါ်ကြီးတို့အိမ်ထဲ ကုတင်ပေါ်မှာ ဆနွင်းမှိုင်းခံပေးထားပြီး စောင်ခြုံကြီးနဲ့ဖြစ်နေတော့မှ ငါဘယ်ရောက်နေတာပါလိမ့်ဆိုပြီး ကြောင်တောင်တောင်ဖြစ်နေတာပေါ့။

အဲဒီတော့မှ ဒေါ်ကြီးက ငါ့တူ တအား အဖျားတက်နေလို့တဲ့။သနားလို့ စေတနာဖြင့် ကုပေးထားတာ သိရတယ်”ဆိုပြီးတော့ အဖျားတွေ တအားတက်ပြီး ဘာမှမသိတော့တဲ့အချိန်မှာ ဆေးကုသပေးခဲ့တဲ့ ကျေးဇူးရှင်တွေ ဖြစ်တာကြောင့် ဖြူစင်သော စေတနာ၊မေတ္တာကို အလေးထားပြီး လက်ဆယ်ဖြာထိပ်မှာမိုးလို့ ရှိခိုးကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရေ အဆိုတော် မနောရဲ့ ကျေးဇူးတရားကို သိတတ်တဲ့စိတ်ကတော့ လေးစားစရာပါပဲနော်။

Be the first to comment

Leave a comment

Your email address will not be published.


*