ရုတ်တရက်ထွက်ခွါသွားတဲ့ မိခင်ကြောင့် ယူကြုံးမရဖြစ်ကာငို​နေကြတဲ့ ဟေမာန်အောင်အောင်တို့သားအဖ

ရုတ်တရက်ထွက်ခွါသွားတဲ့ မိခင်ကြောင့် ယူကြုံးမရဖြစ်ကာငို​နေကြတဲ့ ဟေမာန်အောင်အောင်တို့သားအဖ

ပရိသတ်ကြီးတို့ရေ ယနေ့မှာတော့ သရုပ်ဆောင်မြင်စိုင်းသားအောင်အောင်ရဲ့ ဇနီးဟာဆိုရင် ယနေ့မနက် (၅:၃၀)မှာ ကွယ်လွန်သွားကြောင်း စိတ်မကောင်းစွာကြားသိရပါတယ်။သရုပ်ဆောင် ဟေမာန်အောင်အောင်ရဲ့ မိခင်ဖြစ်သူဟာဆိုရင် နုလုံးရောဂါနဲ့ရုတ်တရက် ကွယ်လွန်သွားခဲ့တာကြောင့် ဆေးရုံတင်နိုင်ခဲ့ပေမယ့်လည်း အသက်တော့ မကယ်ခဲ့နိုင်ရှာပါဘူးနော်။

ဟေမာန်အောင်အောင်ကတော့ မိခင်ကြီးတွက် လွန်စွာခံစားရကြောင်းကို ရင်ဖွင့်လာခဲ့ပါတယ်။အိမ်စီးပွားရေး အဆင်မပြေမှန်းသိတော့ မိခင်ကြီးက သတိရလာချိန်မှာ ပူပန်နေတဲ့ အမေ့မျက်လုံးတွေကိုသိလို့ အမေစိတ်မပူရအောင် “အမေက ဆေးရုံစရိတ်နဲ့ အိမ်စားရိတ်ကို အဆင်ပြေပါတယ်လို့ နောက်ဆံမတင်းရအောင် ပြောပေးခဲ့တယ်

လိုအပ်တဲ့ငွေကို ကူညီပြီး လှူပေးကြတဲ့ သူလဲရှိပါတယ်”ဆိုပြီးတော့ ဝမ်းနည်းစွာမျှဝေလာခဲ့ပါတယ်နော်။”ငါ့မိန်းမနဲ့ ငါက အိမ်ထောင်သက် နှစ်(၄၀​)ကျော်ပြီ၊ တစ်ခါမှလည်း ရန်မဖြစ်ခဲ့ဘူး၊ငါ့မိန်းမက အလှသိပ်ကြိုက်တာ”ဆိုပြီးတော့ ရုတ်တရက် နှုတ်ဆက်ထွက်ခွာသွားတဲ့ ဇနီးဖြစ်သူအတွက်

သရုပ်ဆောင် မြင်စိုင်းသားအောင်အောင်က ဝမ်းနည်းစကားဆိုလာခဲ့တာပါ။ရုတ်တရက် ကွယ်လွန်သွားတဲ့ သရုပ်ဆောင် မြင်စိုင်းသားအောင်အောင်ရဲ့ဇနီး၊သရုပ်ဆောင် ဟေမာန်အောင်အောင်ရဲ့ မိခင်ကြီးအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်း၊စိတ်မကောင်းဖြစ်ရပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*